နှစ်ကိုယ်တူဘဝခရီးဆိုတာ အမြဲတမ်း ကြည်နူးရွှင်မြူး သာယာနေတာတော့လည်း မဟုတ်ဘူးလေ။ ပြဿနာတွေလည်း ရှိသလို ပျော်စရာတွေလည်း ရှိကြစမြဲပါ။ ရေစီးတစ်ခါ ရေသာတစ်လှည့် အချစ်ရေးမှာ သာယာပျော်ရွှင်ဖို့အတွက် အခုပြောမယ့်အချက်တွေက အမြဲလိုအပ်တယ်လို့ ချစ်မှုရေးရာအတိုင်ပင်ခံတွေက ဆိုပါတယ်။

(၁) ကြင်နာမှုနဲ့ လေးစားမှု ပြပါ

လူတိုင်းက ကြင်ကြင်နာနာ လေးလေးစားစား ဆက်ဆံခံရဖို့ ထိုက်တန်ပါတယ်။ တကယ်ခိုင်မြဲပျော်ရွှင်ရတဲ့ Relationship တွေကို ကြည့်မယ်ဆိုရင်လည်း Respect & Kindness ကို အခြေခံထားတာ တွေ့ရမှာပါ။

စုံတွဲတို့ သဘာဝ အဆင်မပြေတာတွေ ရှိခဲ့မယ်၊ သဘောထားတွေ ကွဲလွဲခဲ့မယ်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက် မနာကျင်စေဘဲ သဘောထားကွဲလွဲတာ ၊ ရန်ဖြစ်တာက ပြေလည်တဲ့ Relationship ဘက်ကို သွားမှာ အမှန်ပါပဲ။

(၂) Relationship ထဲမှာ စည်းထားပါ

လူမှုဆက်ဆံရေးမှာ စည်းကမ်းထားခြင်းဟာ လူမှုဆက်ဆံရေးဘောင်ကို ပိုခိုင်အောင် တမံတုပ်ထားတာနဲ့ အတူတူပါပဲ။ သမီးရည်းစားမှ မဟုတ်ပါဘူး။ မိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက် ၊ မိသားစု ၊ Sexual Or Romance ပါတနာ ဘယ်သူနဲ့ဖြစ်ဖြစ် စည်းထားပြီး ဆက်ဆံတာဟာ ရေရှည်အဆင်ပြေတဲ့ Relationship ပုံစံကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှုချင်း မတူသလို ကိုယ့်ဘာသာ Private ထားချင်တဲ့အရာတွေ ရှိတတ်ပါတယ်။ အဲ့ဒီအချက်တွေကို သိအောင်လုပ်ပြီး စည်းအတိုင်း နေထိုင်သွားရင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးပွတ်တိုက်ထိခိုက်မှု အဖြစ်နည်းနိုင်ပါတယ်။

(၃) တောင်းပန်ရဲပါ

မှားမှန်းသိတာနဲ့ ကိုယ့်အမှားကို တောင်းပန်ဝန်ချဖို့ မမေ့ပါနဲ့။ မှန်ကန်တဲ့ တောင်းပန်စကားတစ်ခွန်းဟာ တစ်ဖက်သားကို တကယ်အလေးထားရာ ပြသလို ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု ၊ အသိစိတ်ရှိပြီး ကျိုးကြောင်းချင့်ချိန်နိုင်စွမ်းရှိသူအဖြစ်လည်း ဖော်ထုတ်ရာရောက်ပါတယ်။

တောင်းပန်စကား ပြောကြားခြင်းဟာ တခြားသူနဲ့ ဆက်ဆံရေးကိုလည်း ပိုခိုင်မာစေသလို သင့်ကိုယ်သင်လည်း ပိုလို့ ကြီးမြတ်သူဖြစ်အောင် တည်ဆောက်လိုက်တာပါ။

(၄) တစ်ဖက်သား သဘောထားကို သိအောင်လုပ်ပါ

ကိုယ့်ချစ်သူနဲ့ အချစ်ရေးခိုင်မာပျော်ရွှင်ချင်ရင် တစ်ဖက်သားရဲ့ စိတ်ထားကို သိအောင်လုပ်ပါ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းရိုးသားမှုရှိခြင်းဟာ Healthy Relationship တစ်ခုမှာ မဖြစ်မနေ လိုအပ်တဲ့အရာတစ်ခုပါပဲ။