အိမ်မှာ ဆံပင်ညှပ်တာ ဆေးဆိုးတာတွေက အကုန်ကျသက်သာတာမှန်ပေမယ့် ရေရှည်မှာတော့ ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ နောက်တခုက ကိုယ်တိုင်ညှပ်တဲ့အခါ ပုံမကျတာမျိုးဖြစ်တတ်တာမလို့ ဆံပင်ကို ကိုယ်တိုင် စမ်းသပ်တာကို ရှောင်သင့်ပါတယ်။ ဒါက သင့်ဆံပင်ကို Hair Salon မှာ လုပ်သင့်တဲ့အကြောင်းရင်းတွေပါ။

အလှပြင်ဆိုင်ကို သွားတဲ့အခါ Stylists တွေက သင့်ဆံပင်ပုံစံ၊ အရောင်၊ ဆံပင်ရဲ့ကျန်းမာရေးစတာတွေကို သေချာရှင်းပြပေးနိုင်တာမလို့ သင်လိုချင်တဲ့ပုံစံကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး လိုအပ်တဲ့အချက်တွေကို သေချာဂရုစိုက်နိုင်မှာပါ။

သင့်ဆံပင်ပုံစံကို ခေတ်မီချင်တယ်ဆိုရင်တော့ အရည်အချင်းရှိတဲ့ Stylists ဆီကို သွားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကမှ အထူးခြားဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးပုံပေါ်အောင် ကူညီပေးနိုင်မှာပါ။

ဈေးကွက်ထဲမှာရှိတဲ့ ဆိုးဆေးတွေကို အိမ်မှာကိုယ်တိုင်ဆိုးတဲ့အခါ အခန့်မသင့်ရင် အရေပြားယားတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အရည်သွေးမပြည့်တဲ့ဆိုးဆေးတွေက ဆံပင်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာမလို့ ဆံပင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ Stylist ကသာ သင့်ဆံပင်ကို မထိခိုက်စေဘဲ လိုချင်တဲ့ဆံပင်အရောင်ကို ရအောင် ကူညီပေးနိုင်ပါတယ်။

အလှပြင်ဆိုင်မှာ Stylists နဲ့ စိတ်တိုင်းကျပြင်ဆင်ပြီးလို့ အိ်မ်ရောက်တဲ့အခါ သင့်ဆံပင်ပုံစံကို အမြဲလှစေဖို့ ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကိုလည်း Stylists ဆီကနေ သင်ယူနိုင်ပါတယ်။