မိန်းကလေးတိုင်းလိုချင်ကြတဲ့ ကျန်းမာပြီး လှနေတဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာက အလှပြင်ဆိုင်ကို အမြဲသွားနေမှ မဟုတ်ပါဘူး။ အိမ်မှာတင်ဘဲ ဂရုစိုက်လို့ရပါတယ်။ ဒါတွေကတော့ သတိထားရမယ့် အရေးကြီးတဲ့ အချက်ငါးချက်ပါပဲ။
Acetone လက်သည်းဖျက်ဆေးကို မသုံးပါနဲ့
Acetone က လက်သည်းကို ရေဓာတ်ခန်းခြောက်စေတာမလို့ မလိုအပ်ဘဲ အားနည်းပြီးကြွပ်ဆတ်တာ ၊ ကြမ်းတာ ၊ ခြောက်တာတွေ ဖြစ်စေပါတယ်။
လက်သည်းပန်းကုံးတွေကို မညှပ်ပါနဲ့
လက်သည်းပန်းကုံးတွေက လက်သည်းကို ဘက်တီးရီးယားနဲ့ မှိုစွဲတာကနေ ကာကွယ်ပေးတာမလို့ လက်သည်းပန်းကုံးတွေကို ဖြတ်တာ ဒါမှမဟုတ် တွန်းထုတ်တာမျိုး ရှောင်ပါ။
Base Coat Top Coat မမေ့ပါနဲ့
တချို့က လက်သည်းဆိုးတဲ့အခါ Base Coat Top Coat မဆိုးဘဲ လက်သည်းဆိုးဆေးတစ်မျိုးဘဲ ဆိုးတတ်ကြပါတယ်။ ဒါက မကောင်းပါဘူး။ ဒီလိုကျော်သွားတာက လက်သည်းတွေကို အရောင်ပြောင်းစေပြီး လက်သည်းသက်တမ်းကို တိုတောင်းစေပါတယ်။
လက်သည်းဆိုးဆေးကို အလွန်အကျွံမဆိုးပါနဲ့
ဒါက အိမ်မှာဘဲ လက်သည်းဆိုးတတ်တဲ့ကောင်မလေးတွေ လုပ်မိတတ်တဲ့ အမှားပါ။ လက်သည်းဆိုးဆေးကို အထူကြီးဆိုးတာ ၊ အထပ်များများဆိုးတာက လက်သည်းဆိုးဆေးကို ပွပွကြီးဖြစ်စေပြီး သိပ်မလှပါဘူး။
လက်သည်းဆိုးဆေးကို အကြာကြီးမထားပါနဲ့
လက်သည်းဆိုးဆေးဆိုးပြီးရင် နှစ်ပတ် အလွန်ဆုံး တလထက်ပိုပြီး မထားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ လက်သည်းမှာရှိတဲ့ ဆဲလ်တွေက လက်သည်းဆိုးဆေးနဲ့ အကြာကြီးထိနေတဲ့အခါ ပျက်စီးသွားနိုင်ပါတယ်။