ဝမ်းဗိုက်ကြွက်သားအတွက် ထိရောက်တဲ့ Workout တွေကတော့ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ဝမ်းဗိုက်အဆီတွေကျ၊ ဗိုက်ချပ်ပြီး Abs ထွက်လာစေဖို့ Medicine Ball နဲ့လုပ်ရမယ့် Workout 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။
Deadbug Pullover
ပုံမှာလုပ်ပြထားတဲ့ ပုံစံ 2 မျိုးကို တစ်လှည့်စီ လုပ်ပေးရပါမယ်။ 2 မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့ သတ်မှတ်ရပါမယ်။ အနည်းဆုံး 15 ကြိမ်ပြည့်အောင် လုပ်ပေးပါ။
Situp To Overhead Press
ဒီ Workout မှာတော့ ထိုင်တဲ့အခါမှာ လက်နှစ်ဖက်က Medicine Ball ကိုကိုင်ပြီး အပေါ်မြှောက်ထားရပါမယ်။ ပြန်လှဲတဲ့အချိန်မှာတော့ ရင်ဘတ်ပေါ်တင်လိုက်ပါ။ အဲ့အတိုင်း ပုံစံ 2 မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့ သတ်မှတ်ရပါမယ်။ ဒါလည်း 15 ကြိမ်ပဲ လုပ်ပေးပါ။
Seated Rotation To Svend Press
ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်း ခြေထောက်ကိုထားပြီး Medicine Ball ကိုကိုင်ကာ ခါးကိုဘယ်လှည့်ကာ Medicine Ball ကို လက်အရှေ့ဆန့်လိုက်၊ ပြန်ကွေးလိုက်လုပ်ပါ။ ပြီးရင် ခါးကိုညာလှည့်ပြီး ခုနကလိုပဲ Medicine Ball ကို လက်အရှေ့ဆန့်လိုက်၊ ပြန်ကွေးလိုက် လုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်၊15 ကြိမ်လုပ်ပေးပါ။
Seated Leg Raise
Medicine Ball ကို ခြေထောက်နားမှာချထားပြီး ပုံမှာလုပ်ပြထားသလို ခြေထောက်နှစ်ဖက်ကိုစုပြီး Medicine Ball ရဲ့ ဘယ်ဘက်ကိုပို့လိုက်၊ ညာဘက်ကိုပို့လိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း တစ်ဖက်ကို 10 ကြိမ်စီလုပ်ပေးရင် ရပါပြီ။
Fireman Get-up
ဘယ်ခြေထောက်ကိုဆင်းပြီး ညာခြေထောက်ကို ဒူးထောင်ထားပါ။ ညာလက်နဲ့ Medicine Ball ကို ပိုက်ထားပြီး ဘယ်တံတောင်နဲ့ ကြမ်းကိုထောက်ကာ ပုံမှာလုပ်ပြထားသလို ထရပါမယ်။ ပြီးရင် ပြန်လှဲပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 10 ကြိမ်စီ လုပ်ပေးပါ။
Russian Twist
Medicine Ball ကို ရင်ဘတ်နားမှာပိုက်ပြီး ပုံထဲကအတိုင်း လက်ကောက်ဝတ်နှစ်ခုကို ယှက်ထားတဲ့ပုံစံနဲ့ပိုက်ပြီး ခါးကို ဘယ်လှည့် ညာလှည့် ဆက်တိုက် လုပ်ရမှာပါ။ အနည်းဆုံး 15 ကြိမ်မှ အကြိမ် 30 အထိ လုပ်ပေးနိုင်ပါတယ်။