ဝက်ခြံတွေပေါက်ပြီး အသားအရေက ပျက်စီးနေရတဲ့ အကြောင်းအရင်းက အသားအရေကို ပုံမှန်ထိန်းသိမ်းတာမျိုးမရှိပဲ အသားအရေကိုပျက်စီးစေပြီး ထိခိုက်စေမယ့်အရာမျိုးတွေကိုပဲ လုပ်နေမယ်ဆိုရင်တော့ ဝက်ခြံပေါက်တာတွေကို ရပ်သွားမှာတော့မဟုတ်ပါဘူး။ ဝက်ခြံဖြစ်စေမယ့်အရာတွေကို ရှောင်လိုက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။
ဝက်ခြံတွေကိုကိုင်တွယ်တာ
မျက်နှာအသားအရေပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် ဝက်ခြံတွေပေါက်လာတာဖြစ်ပြီး ဒီဝက်ခြံတွေကိုလက်တွေနဲ့ ထပ်ပြီးကိုင်တွယ်နေမယ်ဆိုရင်တော့ လက်မှာကပ်တွယ်လာနိုင်တဲ့ ဘက်တီးရီးယားတွေကြောင့် ပိုပြီးတော့ပဲဆိုးရွားလာစေတော့မှာပေါ့။ တခြားကိုစိတ်ရောက်နေတဲ့အချိန်မှာ လက်ကမသိလိုက်ပဲ ဝက်ခြံတွေကိုကိုင်တွယ်မိနိုင်တာကြောင့် သတိထားပေးဖို့တော့လိုပါတယ်နော်။
အိပ်တဲ့အချိန်မှာမျက်နှာနဲ့ကပ်ပြီးအိပ်တာ
အိပ်တဲ့အချိန်မှာလည်း အသားအရေအတွက် ဂရုစိုက်ပေးသင့်တဲ့အရာတွေ အများကြီးပဲရှိနေပါသေးတယ်နော်။ မျက်နှာကိုခေါင်းအုန်းတဲ့ ကပ်ပြီးတော့အိပ်တတ်တဲ့သူတွေ ပိုပြီးတော့သတိထားသင့်ပါပြီ။ ဘာလို့လဲဆိုတော့ ခေါင်းအုံးမှာရှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာပေါ်ကိုကပ်တွယ်ပြီး ဝက်ခြံတွေကိုပိုပြီးတော့ ဆိုးရွားလာစေတာကြောင့် ဆင်ခြင်သင့်တယ်နော်။
မိတ်ကပ်တွေနဲ့ အိပ်ပျော်သွားတတ်တဲ့သူတွေ
မိတ်ကပ်ဖျက်ရတော့မယ်ဆိုရင် တော်တော်များများက ပျင်းရိနေတတ်ကြပါတယ်။ ဒါက မှားယွင်းနေတဲ့အချက်ပါပဲနော်။ မိတ်ကပ်လိမ်းတဲ့အချိန်တွေမှာတော့ တက်တက်ကြွကြွနဲ့လိမ်းပြီးတော့ မိတ်ကပ်ဖျက်ရမယ့်အချိန်တွေမှာတော့ တစ်နေ့လုံးပင်ပန်းထားတာတွေနဲ့ ရောပြီးတော့ပျင်းနေတတ်ကြတာပေါ့။ မိတ်ကပ်အကြွင်းအကျန်တွေကြောင့် ချွေးပေါက်တွေပိတ်သွားပြီး ဝက်ခြံတွေကိုပိုပြီးတော့ ပျော်မွေ့စေနိုင်တာပဲလေ။
ရေဓာတ်မပြည့်ဝနေတာ
အသားအရေက ရေဓာတ်ကောင်းကောင်းပြည့်ဝနေမှ ကျန်းမာပြီးလှပနေမှာပဲဖြစ်ပါတယ်။ ရေများများမသောက်တတ်တဲ့ အကျင့်တွေကြောင့် ပျိုမေတို့ရဲ့အသားအရေက တဖြည်းဖြည်းဆိုးရွားလာပြီး ဝက်ခြံတွေကလည်း မသက်သာပဲဖြစ်လာတော့တာပေါ့။
Photo Source: Pinterest