မင်္ဂလာပါနော်။ လူတိုင်း ပြီးပြည့်စုံတဲ့ နှုတ်ခမ်းသားလေးကိုရရှိပိုင်ဆိုင်ချင်ကြပါတယ်။ နှုတ်ခမ်းသားရဲ့ အလှဟာ သင့်မျက်နှာမှာ အရေးကြီးတဲ့ အလှအပတစ်ခုအနေနဲ့ ပါဝင်နေတာပါနော်။
သင့်နှုတ်ခမ်းသားကို နူးညံ့ပြီး လှပနေစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
၁။ သင့်နှုတ်ခမ်းအကြောင်းကိုသိပါ
Source: www.trendcrown.com
သင့်နှုတ်ခမ်းက ဘယ်လိုပုံလဲ။ ဘယ်လိုပုံပဲဖြစ်ဖြစ် သင်ဟာလှပြီးသားပါ။ ဒါဟာ လက်ဆောင်တစ်ခုပါပဲ။ နှုတ်ခမ်းက မိမိလိုချင်တဲ့ ပုံမကျလို့ စိတ်မညစ်ပါနဲ့။ နှုတ်ခမ်းပုံဖော်ပြီးဆိုးလို့ရပါတယ်။ နှုတ်ခမ်းပါးပါး၊ ထူထူ၊ မထူမပါး ဘယ်လိုဖြစ်ဖြစ် သင်ဟာလှပြီးသားဆို သိထားရင်ရပါပြီ။
၂။ လိုအပ်တဲ့ပစ္စည်း
ရေဓာတ်ဖြည့်တင်းပေးမယ့် Lip Balm
Lip Pencil
နှုတ်ခမ်းနီ
Concealer
အဆင့် ၁
အရင်ဆုံး နှုတ်ခမ်းကို Moisturize လုပ်ပေးရပါမယ်။ Lip Balm နဲ့ နှုတ်ခမ်းကို ခပ်ဖွဖွလေး ဆိုးပြီး သေချာပွတ်ပေးလိုက်ပါ။ နှုတ်ခမ်းကွဲတာ နှုတ်ခမ်းသားခြောက်သွေ့တာကို သက်သာစေမှာဖြစ်ပါတယ်။
အဆင့် ၂
နှုတ်ခမ်းသားကို Lip Pencil နဲ့ ပုံဖော်လိုက်ပါ။ မိမိလိုချင်တဲ့ပုံစံ ဆွဲပေးလို့ရပါတယ်။ နှုတ်ခမ်းသားကို ပိုပြီးထူထူလေး ဖြစ်စေပါသလို နှုတ်ခမ်းကို ပုံကျစေမှာပါ။
အဆင့် ၃
ဖြည့်လိုက်ပါ
နှုတ်ခမ်းအတွင်းပိုင်းကို မိမိဆိုးမယ့် နှုတ်ခမ်းနီဖြည့်လိုက်ပါ။
အဆင့် ၄
Concealer ထည့်လိုက်ပါ။ နှုတ်ခမ်းဘေးနားတစ်ဝိုက်ကနေ Concealer လိမ်းပေးလိုက်ပြီး သေချာလေး Blend လုပ်ပေးလိုက်ပါ။