သင့်ရဲ့မွေးလက သင့်အကြောင်းတွေကို ပြောပြပေးနိုင်တယ်ဆိုတာ သင်သိပါသလား? ဟုတ်ပါတယ် မွေးလတွေက သင့်ရဲ့အကျင့်စရိုက်ကို များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။
Numerologist လို့ခေါ်တဲ့ ကိန်းဂဏန်းပညာရှင်တွေရဲ့ ပြောပြချက်အရ မွေးလတွေဟာ လူတယောက်ရဲ့ အလုပ်အကိုင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အပြုအမူတွေအားလုံးအပေါ် လွှမ်းမိုးမှုရှိနေတယ်လို့ဆိုပါတယ်။
ဒါဆို အောက်မှာ မွေးလတွေကပြောတဲ့ အကြောင်းအရာတချို့ကို လေ့လာကြည့်ရအောင်ပါ။
(၁) January
January မွေးတဲ့သူတွေဟာ ရဲရင့်တယ်၊ တက်ကြွနိုးကြားမှုရှိပြီး သူများရဲ့ထင်မြင်ချက်ကို မလိုချင်ကြတဲ့ ခေါင်းမာသူလေးတွေပါတဲ့။
(၂) February
February မွေးတဲ့သူတွေကတော့ ကံကောင်းမှုတွေရတတ်ပြီး သစ္စာရှိသူလေးတွေဖြစ်ကြပါတယ်။ ခရီးသွားခြင်းနဲ့ စွန့်စားခန်းတွေကို နှစ်သက်ပြီး အိမ်မှာနေရတာလဲကြိုက်ကြပါတယ်။
(၃) March
March မွေးသူတွေက ရွတ်နောက်နောက်နေတတ်ပြီး ဉာဏ်လဲကောင်းသူလေးတွေပါတဲ့။ စိတ်ကူးစိတ်သန်းကောင်းကြပြီး တစ်ယော က်တည်းနေတာကို နှစ်သက်ကြပါတယ်။
(၄) April
April born လေးတွေကတော့ သူတပါးကို ဂရုစိုက်တတ်သူလေးတွေဖြစ်ပြီးတော့ ကြံ့ခိုင်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်ပြီး သူတို့ကို ဘယ်မျိုးထင်မြင်ယူဆလဲဆိုတာ ဂရုမစိုက်တတ်သူလေးတွေပါ။
(၅) May
May မှာ မွေးတဲ့သူလေးတွေက ချစ်ခြင်းမေတ္တာကို အလေးထားပြီး လက်တွေ့ဆန်ကြသူတွေလဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းပြီး ဘယ်နေရာရောက်ရောက်မိတ်ဖွဲ့တတ်ကြပါသတဲ့။
(၆) June
June လဖွားလေးတွေကတော့ စိတ်ကူးယဉ်ဆန်တတ်ကြပြီး စူးစမ်းတတ်ကြပါတယ်။ အနည်းငယ်အထိမခံဖြစ်တတ်ကြပေမယ့် ချစ်စရာကောင်းသူတွေဖြစ်ကြပါတယ်တဲ့နော်။
(၇) July
July လ မွေးဖွားသူတွေကတော့ စွန့်စားရတာကြိုက်ကြပြီး ဖော်ရွေသူလေးတွေဖြစ်ပေမယ့် ချဉ်းကပ်ရတာတော့ မလွယ်ပါဘူး။ စိတ်ထားနူးညံ့သူလေးတွေဖြစ်လို့ အလွယ်တကူ နာကျင်တတ်ကြပါတယ်တဲ့။
(၈) August
August မွေးသူအများစုက တက်ကြွပြီး အလုပ်ကြိုးစားသူတွေပါ။ ကြင်နာတတ်သူတွေဖြစ်ပြီး တခြားအရာတွေထက် မိသားစုကို တန်ဖိုးထားကြပါတယ်။ ငွေရွှင်သူလေးတွေဖြစ်ပြီး အလုပ်လဲကြိုးစားကြပါတယ်။
(၉) September
September မွေးသူလေးတွေကတော့ အကဲဆတ်ကြသူလေးတွေပါ။ ဉာဏ်ကောင်းပြီး တခါတလေ မှိုင်းတွေတွေလေး နေတတ်ကြပါတယ်။ ဒီလမှာ မွေးသူလေးတွေက သူတို့ကိုယ်ပိုင် နယ်ပယ်မှာလဲ ထူးချွန်တတ်ကြပါတယ်။
(၁၀) October
October မွေးသူတော်တော်များများက စတိုင်လ်ကျပြီး သူငယ်ချင်းလဲ များများရှိကြပါတယ်တဲ့။ အချိန်တိုင်း ကံကောင်းတတ်ကြပြီး စိတ်လဲကြီးတတ်ကြပါတယ်။
(၁၁) November
November မွေးဖွားတဲ့သူတွေက သဘောမနောကောင်းပြီး ဖော်ရွေတတ်ကြပါတယ်။ ရက်ရောတာက သူတို့ရဲ့အားသာချက်ဖြစ်ပြီး ချီးမွမ်းခံရတာကိုတော့ သိပ်မကြိုက်တတ်ကြပါဘူးတဲ့။
(၁၂) December
နောက်ဆုံးလဖြစ်တဲ့ December born လေးတွေက confident အပြည့်ရှိပြီး လွတ်လွတ်လပ်လပ်နေချင်ကြသူတွေဖြစ်ပါတယ်။ လက်တွဲဖော်ရ ကံကောင်းကြပြီး ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်ကိုင်ကြသူတွေပါတဲ့။