လက်သည်းပုံဖော်လေ့ရှိတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆန်းသစ်တဲ့ဒီဇိုင်းလေးတွေနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်နေကျဖြစ်လို့ ဒီဇိုင်းတွေလည်းစုံနေပြီမို့ ဘယ်လိုဒီဇိုင်းပုံဖော်ရမလဲ မသိတော့ရင် ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်လိုက်ပါ။ သဘောကျမှာ သေချာပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်ကအစ အရမ်းမိုက်ပြီးလှပါတယ်။ ပုံဖော်ထားတဲ့ဒီဇိုင်းလေးနဲ့က လိုက်ဖက်ပြီး ဆန်းသစ်သွားစေပါတယ်။

ရှင်းရှင်းလေးနဲ့ဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလည်းလှပါတယ်။

ခရမ်းရောင်ကြိုက်တဲ့သူတွေအတွက် လှပပြီးဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းမှာဆိုရင် ဒီဇိုင်းကမဆန်းပေမယ့် ဆိုးထားတဲ့အရောင်ကြောင့် အမြင်ဆန်းသွားစေပါတယ်။

အရောင်လေးကချစ်ဖို့ကောင်းပြီး လှတဲ့အပြင် ဒီဇိုင်းလည်းဆန်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

နောက်ပိုင်းမှာပိုပြီးတော့ Trend ဖြစ်လာမယ့် လက်သည်းဒီဇိုင်းမျိုးပါ။ အရမ်းလှပြီး ဆန်းသစ်နေတာပါပဲ။

ရှင်းရှင်းလေးနဲ့ဒီဇိုင်းဆန်းတာမျိုး အရောင်လည်းငြိမ်တာမျိုး ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

အရောင်က ဆန်းသစ်တဲ့ပုံစံမျိုး ဖြစ်သွားစေတာပါ။ ဒီဇိုင်းကလည်း မြင်နေကျပုံစံနဲ့ နည်းနည်းကွဲထွက်နေတာကြောင့် ဆန်းသစ်ပြီး လှပတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်သွားစေပါတယ်။

အရောင်စပ်ထားတာနဲ့ ဒီဇိုင်းလေးက အမြင်ဆန်းပြီး ဖက်ရှင်ကျလှပနေစေမယ့် လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

နဂါးမောက်သီး လက်သည်းဒီဇိုင်းလေးပါ။ မြင်နေကျပုံစံတွေနဲ့ လုံးဝမတူပဲ ဒီဇိုင်းဆန်းသစ်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်ဆန်တဲ့ လက်သည်းဒီဇိုင်းလေးပါ။