တစ်လကိုးသီတင်း Gym ရုံကို မပျက်မကွက်သွားကစားခဲ့ရလို့ Body အမိုက်စားတစ်ခုလည်း ရထားပြီဆိုရင် ဒီဘော်ဒီကို ထိန်းရတော့မှာပါ။ စိတ်ကိုမထိန်းနိုင်ဘဲ စားချင်သလိုပြန်စား၊ နေချင်သလို ပြန်နေမယ်ဆိုရင်တော့ ကုန်ဆုံးခဲ့တဲ့အချိန်တွေ၊ ချွေးတွေက အလဟဿဖြစ်ကုန်မှာပါနော်။

(၁) Fast Food တွေ ရှောင်ပါ

အစားအသောက်ဟာ ခန္ဓာကိုယ်ပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိတာဖြစ်လို့ Gym ကစားထားသူဟာ အစားအသောက်ကို ပိုဂရုစိုက်ရမှာပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အသင့်စားနိုင်တဲ့ Fast Food တွေဟာ ကယ်လိုရီတက်စေတာကြောင့် ရှောင်ကျဉ်ရမှာပါ။

(၂) ရေသောက်မနည်းစေပါနဲ့

ရေသန့်တစ်ဗူးသွားလေရာ ဆောင်ထားတာ အကောင်းဆုံးပါ။ နည်းနည်းလောက် ရေဆာတယ်ခံစားရရင် တစ်ခါတည်း သောက်ဖြစ်တစေပါတယ်။ Hydration ရှိထားခြင်းဟာ မလိုအပ်တဲ့ ဝိတ်တက်တာမျိုးတွေ မဖြစ်စေသလို အသားအရေလည်း ကျန်းမာကြည်လင်စေပါတယ်။

(၃) အပေ့ါစား လေ့ကျင့်ခန်းလေးတွေ လုပ်ပါ

Gym မှာ အရင်လို အချိန်အကြာကြီး မကစားနိုင်ရင်တောင် ပုံမှန် ပေါ့ပေါ့ပါးပါး ဝိတ်ကလေး ဘာလေးမတာ ၊ ယောဂလေ့ကျင့်ခန်းလေးတွေ လုပ်ပေးနေတာမျိုးကို မပြတ်စေဖို့အကြံပြုချင်ပါတယ်။ Gym ကစားထားတဲ့ ဘော်ဒီကျမသွားစေဖို့နေ့တိုင်း အားကစားလုပ်ဖို့အချိန်တော့ ရှိထားသင့်ပါတယ်။ အနည်းဆုံးတော့ ဒိုက်ထိုးတာ ၊ Planking ထောက်တာလောက်တော့ မနက်ပိုင်းလေးတွေမှာ လုပ်ပေးသင့်ပါတယ်။

(၄) ပုံမှန်အိပ်ပါ

အိပ်စက်မှုပုံစံတွေ ပျက်သွားရင် Gym ကစားပြီး ဝိတ်တက်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ညညမအိပ်ဘဲ ဂိမ်းကစားတာများနေရင် ဝိတ်ထိန်းမရအောင်တက်ပြီး ဘော်ဒီပါ ပုံပျက်သွားတဲ့အထိ ဖြစ်နိုင်လို့ရှောင်သင့်ပါတယ်။