Jeans ဆိုတာက စတိုင်ကျပြီး ဝတ်ရတာလည်း သက်တောင့်သက်တာရှိတာမလို့ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများရဲ့ဘီရိုထဲမှာ နေရာယူထားတဲ့ Fashion Item ပါ။ ဒါပေမယ့် တချို့က Jeans ဝတ်တဲ့အခါ သတိမထားမိဘဲ ဒီလိုအများလေးတွေ လုပ်မိတတ်ပါတယ်။

Size မမှန်တာ

ဂျင်းဘောင်းဘီဝတ်တဲ့အခါ အကြီးမားဆုံး အမှားတစ်ခုက ဂျင်းဘောင်းဘီကို Size မှန်အောင်မဝတ်တာပါ။ ချောင်လွန်းတာ ၊ ပွလွန်းတာ ၊ ကြပ်လွန်းတာတွေက တစ်နေ့လုံး သွားလာရတာ အဆင်မပြေဖြစ်နေပါလိမ့်မယ်။

တစ်ရောင်ထဲဝတ်တာ

Jeans ကို အပေါ်အောက် တွဲဝတ်လို့ရပါတယ်။ ဒါပေမယ့် တစ်ရောင်ထဲတော့ မဝတ်ပါနဲ့။

ဘောင်းဘီကိုဖိနပ်ထဲထည့်ဝတ်တာ

Jeans ကို Ankle Boots ၊ Short Boots တို့နဲ့တွဲဝတ်မယ်ဆို ဘောင်းဘီကို ဖိနပ်ထဲထည့်ဝတ်တာ မလုပ်ပါနဲ့။ ဘောင်းဘီကို ဖိနပ်နဲ့အတိဝတ်မယ့်အစား အပေါ်မှာ 0.4 မှ 0.8 လက်မလောက်ဟထားတာက သင့်ကို ပိုစတိုင်ကျစေမှာပါ။

Straight-cut Jeans ကို အရှည်ကြီးဝတ်တာ

ခေတ်စားပြီး စတိုင်ကျတဲ့ Straight-cut Jeans ကို အရှည်ကြီးဝတ်မယ်ဆို ခြေထောက်ကို အကြီးကြီးဖြစ်စေတာမလို့ ဝတ်မယ်ဆို ခြေကျင်းဝတ်အထိ ထားဝတ်ပါ။

အဖျားကို မညီမညာခေါက်တာ

ဂျင်းဘောင်းဘီတွေက ရှည်နေတာ ဒါမှမဟုတ် စတိုင်ကို ပြောင်းချင်ရင် အစွန်းတွေကိုခေါက်ဝတ်လို့ ရပါတယ်။ ဒါပေမယ့် နှစ်ဖက်လုံးကို သေသေသပ်သပ်နဲ့ ညီအောင်ခေါက်ဖို့တော့ လိုပါတယ်။

Mid-Rise ကို High-Rise လိုဝတ်တာ

High-Rise Jean တွေက စတိုင်ကျပြီး သက်တောင့်သက်သာရှိတာလို့ ခေတ်စားလာတာမှန်ပေမယ့် Mid-Rise ကို ခါးပတ်နဲ့ High-Rise လိုဝတ်တာမျိုးကို ရှောင်ပါ။

ကိုယ်နဲ့မလိုက်တဲ့ပုံစံကိုဝတ်တာ

ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ထည့်မစဉ်းစားဘဲ ခေတ်ရေစီးကြောင်းအတိုင်းလိုက်တာက သင့်ကို ရုပ်ဆိုးစေတာမလို့ ကိုယ်နဲ့လိုက်ဖက်တဲ့ Jean ကို ရွေးဝယ်ပါ။