ကြည့်လိုက်ရင် ရှင်းပြီး သန့်ပြန့်ချောမောတယ်လို့ မြင်စေမယ့် ဖက်ရှင်တွေထဲမှာ ရှပ်အဖြူနဲ့ ဖက်ရှင်ဒီဇိုင်းတွေလည်း ပါနေပါတယ်။ Smart Casual ဝတ်စုံတွေမှာဆို ရှပ်အဖြူကို ချန်ထားလို့ မဖြစ်ပါဘူး။

ဒီတော့ ရှပ်အဖြူနဲ့ စတိုင်ကျအောင် ဝတ်လို့ရမယ့် Outfit အိုင်ဒီယာလေးတစ်ချို့ မျှဝေချင်ပါတယ်။

(၁) Ripped Jeans ဖက်ရှင်

ရှပ်အဖြူလက်ရှည်ကို အပြာဖျော့ ဂျင်းဘောင်းဘီဒူးပြဲနဲ့ ဝတ်မယ်ဆိုရင် လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိမှာဖြစ်ပါတယ်။

(၂) မီးခိုးရင့်ရောင် Pants

Smart Casual စတိုင် ဝတ်ချင်တယ် ဆိုရင် ဒီဖက်ရှင်ကို ရွေးသင့်ပါတယ်။ မျက်စိအမြင်အေးစေမယ့် မီးခိုးရောင် Pants နဲ့ ရှပ်လက်ရှည်အဖြူ ရွေးဝတ်မယ်ဆိုရင် လူအများကြားမှာ ထင်ရှားနေမှာပါ။

(၄) Black Jeans နဲ့ White Sneaker

လူအများနဲ့ မတူကွဲပြားချင်ရင် ဝတ်သင့်တဲ့ ဖက်ရှင် Outfit တစ်မျိုးပါ။ လူတွေကြားထဲမှာ ထင်ပေါ်စေမယ့် Black & White အတွဲအစပ်ဖြစ်ပြီး လူငယ်လည်း ဆန်လို့ ရွေးချယ်သင့်ပါတယ်။