တစ်ချို့သော အမျိုးသားတွေကို အမျိုးသမီးတွေ ရွံမုန်းကြပါတယ်။ တကယ်တော့ ဒါဟာ ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ အပြုအမူအပြောအဆိုနဲ့သာ အများကြီး သက်ဆိုင်ပါတယ်။ တစ်ချို့ အမျိုးသားတွေရဲ့ အမူအကျင့်တွေက အမျိုးသမီးတွေကို ဝေးဝေးရှောင်ပြေးစေပါတယ်။

ဒီနေ့ MyStyle Myanmar ကနေပြီးတော့ အမျိုးသမီးတွေ မကြိုက်တဲ့ အမျိုးသားတစ်ချို့ရဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။

ကြွားဝါတတ်သူ

အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ ကြွားဝါတတ်သူကို မနှစ်သက်ကြပါဘူး။ လူထင်ကြီးအောင် တန်ဖိုးကြီးပစ္စည်းတွေကို မြင်အောင်ပြပြီး ကြွားဝါတတ်တဲ့ အမျိုးသားတွေကို သူတို့ မနှစ်သက်ကြပါဘူး။

မရိုးသားတဲ့သူ

လိမ်ညာပြောဆိုတတ်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဝေးဝေးက ရှောင်တတ်ကြပါတယ်။ အမျိုးသမီးတွေက ရိုးသားပွင့်လင်းတဲ့သူတွေကို ပိုပြီးလိုလားကြပါတယ်။

တစ်ကိုယ်ကောင်းဆန်တာ

ဘာလုပ်လုပ် ကိုယ်အတွက်ချည်းပဲ လုပ်တက်တဲ့ လူမျိုးကို ဘယ်သူမှ သဘောမကျပါဘူး။ Relationship တစ်ခုမှာ ကိုယ်လိုအပ်တာကိုလည်း သူ့ဆီကနေ အကူအညီတောင်းခံရတက်တာရှိသလို သူ့ရဲ့ လိုအပ်ချက်တွေကိုလည်း ကိုယ်ဖက်က ဖြည့်ဆည်းပေးရတက်တာတွေ ရှိပါတယ်။

ဒီလိုမှမဟုတ်ပဲ ကိုယ်လိုချင်တာ ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။

တန်ဖိုးမထားတာ/ မှီခိုအားထားလို့မရတာ

အမျိုးသမီးတွေရဲ့ ပင်ကိုယ်စရိုက်မှာ ကိုယ်ချစ်ရတဲ့သူအပေါ် မှီခိုအားထားချင်စိတ် ရှိနေတတ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အရေးပါတဲ့ နေ့ထူးနေ့ရက်တွေကို မေ့နေတာ ချစ်ရတဲ့သူရဲ့ မွေးနေ့ကို မေ့နေတာ စသဖြင့် အသေးအဖွဲလေးတွေကအစ မှီခိုအားထားလို့ မရဘူးဆိုရင် Relationship က အဆင်မပြေနိုင်ပါဘူး။ ဒါက သူမကို အလေးမထားတာ တန်ဖိုးမထားသလို ဖြစ်သွားစေပါတယ်။

စိတ်ကြီး ဒေါသကြီးလွန်းတဲ့သူမျိုး

တစ်စုံတစ်ခု ပြဿနာဖြစ်ရင် နည်းနည်းလေးမှကို နားလည်မှုမရှိဘဲ စိတ်ကြီးဒေါသကြီးလွန်းတဲ့ အမျိုးသားများကိုတော့ အမျိုးသမီးတွေကို မကြိုက်နှစ်သက်ကြပါဘူး။ ထိုသူများကို အပေါင်းအသင်းထဲမှာ ရှိရင်တောင်သိပ်ပြီး အဖက်မလုပ်တတ်ကြတော့ပါဘူး။