ဓာတ်ပုံရိုက်ဖို့အတွက် ပို့စ်တွေသိပ်မစဉ်းစားတတ်တဲ့ သူတွေအတွက် Beach သွားတဲ့အခါ Beach မှာဓာတ်ပုံရိုက်ဖို့ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။
သဲပြင်ပေါ်မှာ အခင်းလေးခင်းပြီးတော့ပဲဖြစ်ဖြစ် ခုံတန်းလျားမှာပဲဖြစ်ဖြစ် ဒီလိုပုံလေးအတိုင်း ရိုက်လို့ရပါတယ်။ သူများနဲ့မတူတဲ့ပုံစံလေးပေါ့။
ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်လည်း အသုံးဝင်မယ့် ပို့စ်အိုင်ဒီယာလေး ဖြစ်ပါတယ်။
ဒီလိုခုံတွေမှာ ထိုင်ရိုက်ရတာမျိုးတွေ၊ အကျအနပို့စ်ပေးရတာမျိုးတွေ ရိုးလာရင် ဒီလိုစတိုင်လ်လေးနဲ့ ပို့စ်ပေးကြည့်နော်။ အထာကျပြီးမိုက်ပါတယ်။
ပင်လယ်ကိုနောက်ခံထားပြီး ဒီလိုပုံလေးတွေလည်း ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှပါတယ်။
Beach သွားတဲ့အခါ ဦးထုပ်လေးကလည်း လိုတယ်နော်။ ဓာတ်ပုံရိုက်ရင် ပိုပြီးလှတာပေါ့။ ကင်မရာကြည့်ပြီး ပြုံးနေတဲ့ပုံလေးလည်း ရိုက်လို့ရသလို ဒီလိုလေး အဝေးကိုကြည့်နေတဲ့ပုံလေးလည်း ရိုက်လို့ရတယ်နော်။
ရေထဲမှာ ဒီလိုလေးရိုက်ပြီး ပို့စ်ပေးကြည့်ပါ။ လှလည်းလှသလို လုပ်ရတာလည်း လွယ်ကူတဲ့ ပို့စ်မျိုးပါပဲ။
Swimsuit လေးနဲ့ပဲဖြစ်ဖြစ် Beach နဲ့လိုက်ဖက်တဲ့ ဝတ်စုံလေးပဲဖြစ်ဖြစ် ဝတ်ပြီးတော့ ဟိုတယ်က မြက်ခင်းပြင်မှာ ဒီလိုလေးအခင်းနဲ့ထိုင်ပြီး ပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။
ကမ်းခြေမှာ အလွင့်ပုံစံလေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ ရိုက်ပေးတဲ့သူက အောက်ကနေနည်းနည်းပင့်ရိုက်ပါ။ ပိုလှပါတယ်။
ချစ်ဖို့ကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်လေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။
ကမ်းခြေမှာလည်း ဒီလိုဖက်ရှင်အပြည့် ပြင်ဆင်ပြီး ရိုက်ကြည့်ပါ။ သူများတွေမရိုက်သေးတဲ့ပုံစံလေးဆိုတော့ တစ်မျိုးဆန်းတာပေါ့။ လှလည်းလှတဲ့ပုံစံလေးတွေ ဖြစ်ပါတယ်။
မတ်တပ်ရပ်ရိုက်မယ်ဆိုရင်တော့ ဒီပုံလေးအတိုင်း ရိုက်ကြည့်နော်။ လှလည်းလှသလို Snap ပုံလေးနဲ့လည်း တူပါတယ်။