မိတ်ကပ်ဘယ်လောက်ပဲလိမ်းထား၊ သဘာဝအတိုင်း တောက်ပြောင်တဲ့ အသားအရေ မရမချင်း တောက်ပနေမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သလို အသားအရေကို ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီအချက်တွေကတော့ Healthy Skin လိုချင်သူတိုင်း မေ့မထားသင့်တဲ့ အခြေခံအချက်တွေပါ။

Cleansing

ဖုန်နဲ့အညစ်အကြေးတွေက မျက်နှာအသားအရေကို ညစ်နွမ်းစေနိုင်တာမလို့ အပြင်ကပြန်လာရင် ဒါမှမဟုတ် ညအိပ်ခါနီးတိုင်းမှာ မိတ်ကပ်ဖျက်ဖို့တင်မကဘဲ မျက်နှာပေါ်က၊ အဆီနဲ့ အညစ်အကြေးတွေကို သေချာလေးသန့်စင်ပေးဖို့က အရေးကြီးပါတယ်။

Exfoliation

Exfoliation က မျက်နှာမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို သဘာဝအတိုင်း တောက်ပလာစေပါတာလို့ တစ်ပတ်ကို နှစ်ကြိမ် Exfoliation လုပ်ပေးဖို့မမေ့ပါနဲ့။

Toning

မျက်နှာသစ်ပြီးတိုင်း ဘက်တီးရီးယားတွေဖယ်ရှားဖို့နဲ့ အရေပြားရဲ့ pH ကို မျှတအောင် ထိန်းညှိပေးနိုင်ဖို့ Toner က မဖြစ်မနေလိုအပ်ပါတယ်။ ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ပိုပြီးအရေးကြီးပါတယ်။

Moisturise

မျက်နှာသစ်တာ ၊ Exfoliation လုပ်တာတွေက အသားအရေရဲ့အစိုဓာတ်ကို ဖယ်ရှားလိုက်တာကြောင့် Exfoliation လုပ်ပြီးရင် မျက်နှာကို အစိုဓာတ်ထိန်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း ၊ Exfoliation လုပ်ပြီးတိုင်း Moisturiser လိမ်းဖို့မမေ့ပါနဲ့။

Sunscreen

ခရမ်းလွန်ရောင်ခြည်က အသားအရေကို အတွင်းပိုင်းကော အပြင်ပိုင်းမှာပါ ပျက်စီးစေနိုင်တာမလို့ အသားအရေကို UV Rays ကနေ ကာကွယ်ဖို့ မမေ့ပါနဲ့။