မျက်တောင်တုတွေက တစ်ခါသုံးပြီးရင် နောကထပ်သုံးလို့ရပါသေးတယ်။ ဒါပေမယ့် သုံးပြီးသားမျက်တောင်တွေမှာက မိတ်ကပ်နဲ့ အညစ်အကြေးတွေကပ်နေနိုင်တာမလို့ သင့်ရဲ့သဘာဝမျက်တောင်နဲ့ မျက်တောင်အတုတွေကို မပျက်စီးစေချင်ဘူးဆိုရင် နောက်တစ်ကြိမ်မသုံးခင်မှာ သေချာသန့်ရှင်းဖို့တော့လိုပါတယ်။

အရင်ဆုံး ဇာဂနာနဲ့ မျက်တောင်တုမှာကပ်နေတဲ့ ကော်တွေကိုသေချာခွာပါ။

မျက်တောင်တွေကို Paper Towel ပေါ်မှာ တင်ပါ။

နားကြပ်တံလေးကို အုန်းဆီထဲနှစ်ပြီး အညစ်အကြေးအားလုံးကုန်တဲ့အထိ မျက်တောင်ကို ပွတ်ပေးပါ။

ပြီးမှ Paper Towel နောက်တစ်ခုနဲ့ အဆီတွေပြောင်အောင် သုတ်ပေးပါ။ နောက်ဆုံးမှာ ရေနဲ့ဆေးချပြီး လေနဲ့အခြောက်ခံလိုက်ပါ။