ပခုံးနဲ့ ကျောအပေါ်ဘက်နားတွေ နာကျင်တာကို သက်သာအောင်လုပ်ပေးနိုင်မယ့် ယောဂကျင့်စဉ် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းတွေလည်းဖြစ်တာကြောင့် လူတိုင်းအတွက် လုပ်ရတာအဆင်ပြေမှာပါ။
Cat Cow Pose
ပုံမှာလုပ်ပြထားတဲ့အတိုင်း Cat Cow Pose ကို လုပ်ပေးရမှာပါ။ အနေအထား ၂ မျိုးကို ဖြေးဖြေးချင်းစီ ပြောင်းလုပ်ပေးပါ။ အနည်းဆုံး ၁၀ ကြိမ်မှစပြီး ကိုယ်အဆင်ပြေသလောက် လုပ်ပေးရင်ရပါတယ်။
Thread the Needle Pose
ဒီယောဂကျင့်စဉ်ကိုလုပ်တဲ့အခါမှာ ပုံမှာလုပ်ပြထားတဲ့အတိုင်း တူအောင် သေချာလုပ်ပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပြီးမှ ပုံမှန်အတိုင်း ၁၀ စက္ကန့် ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။
Eagle Pose
လက်နဲ့ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာတူအောင် လုပ်ပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပါ။ စစချင်းမှာ စက္ကန့် ၃၀ မနေနိုင်ရင် ၁၀ စက္ကန့်၊ ၁၅ စက္ကန့်လောက်ပဲ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်နဲ့လက်ကို ပြန်ချ၊ ပြီးရင် ချက်ချင်းပြန်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။
Extended Puppy Pose
Extended Puppy Pose ဖြစ်တဲ့အတွက် လက်နှစ်ဖက်က အရှေ့ကို ပုံမှာလုပ်ပြထားသလို ဆန့်တန်းထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အချိန်ပြည့်ရင် ပြန်ထိုင်ပါ။ ပြီးရင် ပြန်လုပ်ပါ။ ၁၀ ကြိမ်လောက်လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
Camel Pose
နောက်ဆုံးယောဂကျင့်စဉ်ကတော့ ပုံမှာလုပ်ပြထားတဲ့ Camel Pose အတိုင်း စက္ကန့် ၃၀ နေပြီး အချိန်ပြည့်ရင် ခါးပြန်မတ်ပါ။ ၁၀ စက္ကန့်နားပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း အနည်းဆုံး ၅ ကြိမ်လုပ်ပေးပါ။ ပုံမှန်ကတော့ ၁၀ ကြိမ်လုပ်ပေးရင် ပိုကောင်းပါတယ်။ ဒီယောဂကျင့်စဉ်က ပခုံးနဲ့ နောက်ကျောအပေါ်ပိုင်း နာကျင်တာတွေ သက်သာစေမယ့်အပြင် အကြောတွေတောင် ပျော့ပြောင်းလာစေဖို့ အထောက်အကူပြုပါတယ်။