လက်သည်းပုံဖော်တဲ့အခါ ရှင်းရှင်းလေးပဲကြိုက်တဲ့သူတွေနဲ့ ပုံဖော်တဲ့ဒီဇိုင်းတွေများလာလို့ ဘယ်လိုပုံဖော်ရမှန်း မသိတော့တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း ရှင်းရှင်းလေးနဲ့ Simple ဖြစ်တဲ့ ဒီဇိုင်းလေးတွေက ပိုပြီးလှနေတတ်သလို အမြင်လည်းတစ်မျိုးလေး ပြောင်းလဲစေပါတယ်။

လူငယ်ဆန်ပြီး ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အဝါရောင်နေရာမှာ ကိုယ်ကြိုက်တဲ့အရောင်လေးတွေ ဆိုးလို့ရပါတယ်။

အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇိုင်းပုံဖော်တာတွေများလာရင် တစ်ခါတစ်လေ ဒီလိုရိုးရှင်းတာလေးကို ပုံဖော်ကြည့်ပါ။ အမြင်တစ်မျိုး ပြောင်းလဲသွားစေပါတယ်။

ပန်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ မိန်းကလေးဆန်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီဇိုင်းပုံဖော်တာတွေ ဘာမှမလုပ်ချင်ဘူးဆိုရင် Cat Eyes (သို့) Disco Gel လေးတွေကို ဒီလိုအရောင်စုံလေး ဆိုးကြည့်နော်။

မိန်းကလေးဆန်ပြီး ရှင်းရှင်းလေးနဲ့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အဖြူရောင်ပဲဆိုးမယ်ဆိုရင် ဒီလိုလေး တစ်ချောင်းထဲဖောက်ပြီး ပုံဖော်တာမျိုး လုပ်လို့ရပါတယ်။ ပုံဖော်ထားတာလေးကလည်း လုံးဝကို ရိုးရိုးရှင်းရှင်းလေးပါပဲ။

ကြည့်လိုက်တာနဲ့ ရှင်းရှင်းလေးနဲ့ လက်လေးသန့်သွားသလိုမျိုး ဖြစ်စေမယ့် လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ရိုးရှင်းပြီး ပုံဖော်ရတာ လွယ်ကူလွန်းလို့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါတယ်။

ရှင်းရှင်းလေးနဲ့ ထင်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကို နုနုလေးဆိုးထားတာဖြစ်လို့ ငြိမ်ပြီး အရမ်းလှပါတယ်။

နောက်ထပ်ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒါလည်း အိမ်မှာ အလွယ်တကူပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါပဲ။