ဓာတ်ပုံရိုက်ရင် ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် ဆိုင်မှာထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီပို့စ်လေးဆိုရင် ကင်မရာမကြည့်ချင်တဲ့အခါ ရိုက်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီးလှပါတယ်။
လှပပြီး စမတ်ကျနေစေမယ့် ပို့စ်လေးပါ။ ဆိုင်မှာ ထိုင်ရိုက်တဲ့အခါ ဒီလိုလေးရိုက်ကြည့်နော်။
ဒီပုံလေးဆိုရင် ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် အရမ်းလွယ်ကူတဲ့ ပို့စ်လေးဖြစ်ပါတယ်။
နောက်ကျောအလှအင်္ကျီလေးတွေ ဝတ်ထားတဲ့အခါမှာဆိုရင်တော့ ဒီလိုပုံစံလေးတွေ ရိုက်ကြည့်ပါ။ လှလည်းလှပါတယ်။
ဆိုင်မှာထိုင်ရိုက်တဲ့အခါ တစ်ကိုယ်လုံးပုံလေးပေါ်အောင် ရိုက်ချင်တယ်ဆိုရင် ဒီပုံလေးအတိုင်း ရိုက်ကြည့်ပါ။ လှပပြီး ချစ်ဖို့လည်းကောင်းပါတယ်။
ကိုယ်ထိုင်တဲ့ဆိုင်ကခုံက ဆိုဖာနေရာကျယ်ဆိုရင် ဒီပို့စ်လေးတွေပေးပြီး ရိုက်ကြည့်ပါ။ လှပတဲ့ပုံကောင်းလေးတွေ ထွက်လာပါလိမ့်မယ်။
ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် လှပတဲ့ပို့စ်လေးပါပဲ။
ပို့စ်မပေးတတ်လည်း ဒီလိုရယ်နေတဲ့ပုံလေးသာ ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းတာပါပဲ။
ကင်မရာမကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်လှပတဲ့ ပို့စ်ပေးနည်းအိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။