ဆံပင်ပျက်စီးတာက မြန်ပေမယ့် ပြန်ကောင်းဖို့ကတော့ အချိန်အများကြီးလိုပါတယ်။ ပျက်စီးနေတဲ့ ဆံပင်ကိုပြန်ကောင်းလာဖို့အတွက်ဆို ဒီနည်းတွေကို လုပ်ကြည့်ပါ။

Chemical-Based Treatments တွေကို ခနရပ်ထားပါ

တချို့မိန်းကလေးတွေက Chemical ပါတဲ့ Treatments တွေဖြစ်တဲ့ ပေါင်းတင်တာ ၊ ဆံပင်အရောင်တင်တာကို ခြောက်ပတ်တစ်ကြိမ်လောက် လုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်မယ့်အစား 10 ပတ်စောင့်ပြီးမှ လုပ်ပေးပါ။

Chemical Damage Products တွေကို သုံးပေးပါ

ပျက်စီးနေသောဆံပင်ကို ကုသဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းက ဒီလိုပျက်စီးနေတဲ့ဆံပင်တွေအတွက် အထူးထုတ်ထားတဲ့ ထုတ်ကုန်တွေကို ရွေးသုံးတာပါ။

Hair Mask သုံးပေးပါ

ပျက်စီးနေသောဆံသားတွေအတွက် ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ Hair Mask များကို သုံးပေးပါ။ ဆီလီကွန် ဒါမှမဟုတ် ပါရာဘန်များပါတဲ့ Hair Mask တွေအစား ​​သံလွင်ဆီ၊ Shea ထောပတ်၊ Keratin ဒါမှမဟုတ် ပရိုတင်းစတာတွေပါတဲ့ Hair Mask တွေကို သုံးပေးပါ။ ဆံပင်က အရမ်းပျက်စီးနေရင် တစ်ပတ်တစ်ကြိမ် သုံးပေးပါ။

ဆံပင်ညှပ်ပါ

ဆံပင်က လုံးဝကိုပျက်စီးနေပြီဆိုရင်တော့ သင့်မျက်နှာနဲ့လိုက်တဲ့ဆံပင်ပုံစံအသစ်ကို ရွေးပြီး မကောင်းတဲ့ဆံသားတွေကို ညှပ်ပစ်တာက အကောင်းဆုံးပါပဲ။