အခု ဆောင်းပါလေးဟာ ချစ်သူထားဖို့ အသင့်ဖြစ်နေပေမယ့် တစ်ယောက်မှ ရှာမတွေ့သေးတဲ့ သူတွေကို ရည်ရွယ်ပြီးရေးသားထားတာပါ။ ချစ်သူရှာမတွေ့သေးတဲ့ အကြောင်းပြချက်လေးတွေကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

အချစ်အတွက် သင့်ဘဝမှာ နေရာမရှိသေးခြင်း

သင်က ချစ်သူထားဖို့အတွက် အသင့်ဖြစ်နေပြီပဲထားတော့။ ဒါပေမယ့် အလုပ်ကြောင့် ချိန်းထားတာတွေ ခဏခဏ ဖြတ်နေရတာ အလုပ်အရမ်း ရှုပ်နေတာတွေကြောင့် အချိန်မပေးနိုင်ဘူး။

အားလပ်ရက်ကျပြန်တော့လည်း သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ်။ ဒီလိုမှ မဟုတ်ရင်လည်း မိသားစု အရေးကြောင့် အချစ်ရေးဖက် မလှည့်နိုင်ဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အချစ်အတွက် သင့်ဘဝမှာ နေရာမရှိသေးဘူးလို့ ဆိုရမှာပါ။

ပြဿနာက သင်ဟာအလုပ်များတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါပဲ။

ပြီးခဲ့တဲ့ Relationship ကို အဆက်မပြတ်နိုင်ခြင်း

Relationship တစ်ခုပြတ်စဲသွားပြီး နောက်တစ်ယောက် ရှာနေတဲ့သူဆိုရင်တော့ အရင်အဆက်ဟောင်းကို လုံးဝ မေ့သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ နောက်တစ်ယောက်နဲ့ တွေ့တဲ့အချိန်တိုင်းမှာ Ex အကြောင်းပဲ အမြဲတမ်း ခေါင်းထဲ ရောက်လာရင်တော့ အဆင်မပြေပါဘူး။

စိတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ Sigmund Freud ဟာ ပြီးသွားတဲ့ Relationship ကို မေ့ပစ်လိုက်ဖို့ အလွန်အရေးကြီးကြောင်း ပြောဆိုထားပါတယ်။

ပြဿနာက သင်ဟာ အဆက်ဟောင်းကို နှလုံးသားထဲက မနှင်ထုတ်နိုင်သေးတာပါ။

အိမ်တွင်းပုန်းဖြစ်နေခြင်း

ပင်ပန်းတာ၊ ရာသီဥတု မကောင်းတာတွေက အိမ်မှာနေဖို့ အကြောင်းပြချက်ကောင်းတွေပါပဲ။ ပြီးတော့ အိမ်မှာက စာအုပ်ဖတ်တာ (သို့) ရုပ်ရှင်အေးဆေးကြည့်နေလိုရတာဆိုတော့ လူတွေအကြိုက်ပဲလေ။

လူအများက အိမ်မှာနေတာကို သဘောကျကြတယ်။ တစ်ချို့တွေက အလုပ်လုပ်ရတဲ့ရက်ကော အလုပ်ပိတ်တဲ့ ရက်တွေမှာပါ အိမ်မှာပဲနေကြတယ်။ ဒီလိုလူတွေက ချစ်သူရှာတွေ့ဖို့ ခတ်ခဲပါတယ်။ တွေ့ခဲ့ရင်တောင် အကြာကြီး မခံပါဘူး။

ပြဿနာက အိမ်မှာပဲ အချိန်ဖြုန်းနေခြင်းပါ။

မိမိကိုယ်ကို ဂရုမစိုက်ခြင်း

လူတစ်ဖက်သားကို ဆွဲဆောင်နိုင်ဖို့ဆိုတာ မိမိကိုယ်ကို ပြင်ဆင်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဘယ်လိုပဲ လူတွေက အပြင်ပန်းထက် အတွင်းစိတ်က အရေးကြီးတယ်ပြောပြော ပထမဆုံး တွေ့တဲ့အချိန်မှာတော့ အပြင်ပန်းကိုပဲ ကြည့်ကြတာများပါတယ်။

ဒါကြောင့် အပြင်တွေ ဘာတွေသွားမယ်ဆိုရင် ညဝတ်အင်္ကျီ တကားကားနဲ့ မသွားပါနဲ့။ သေချာ ဖြီးလိမ်းပြင်ဆင်ပြီးမှ သွားပါ။

ပြဿနာက မိမိကိုယ်ကို ဂရုမစိုက်ခြင်းပါပဲ။

မိဘရဲ့ အကြိုက်ကို ဦးစားပေးခြင်း

လာပါပြီ ချစ်သူ မရှိသေးတဲ့ အကြောင်းအရင်းရဲ့ အရေးကြီးဆုံးအချက်။ ကိုယ်က ကြိုက်ပေမယ့် မိဘတွေက မကြိုက်လို့ဆိုပြီး လက်ရှောင်သွားတတ်တဲ့ သူမျိုး။ ဟာ ငါ့မိဘတွေက ဒီလိုမိန်းကလေးမျိုး (သို့) ကောင်လေးမျိုး မကြိုက်လောက်ပါဘူးဆိုပြီး နေတတ်တဲ့သူမျိုး။

ဒီလိုလူမျိုးတွေက ချစ်သူရှားပါတယ်။ မိဘတွေက သူတို့သားသမီးရွေးခြယ်ထားတဲ့ အရာတွေတော်တော်များများကို သဘောမတွေ့ကြဘူးလို့ ပညာရှင်တွေက ပြောထားကြတယ်။ ဒါက ပုံမှန်ပါပဲ။

ပြဿနာက သင်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘာမှမလုပ်ရဲဘူး။ မိဘတွေရဲ့အကြိုက်၊ သူတို့ရဲ့ ထင်မြင်ချက်က ပိုအရေးကြီးတယ်လို့ ခံယူထားတာပါပဲ။