ဘဝမှာရလာတဲ့ စိတ်ဖိစီးမှု Stress တွေကို ထိန်းနိုင်ဖို့အတွက် နည်းလမ်း ၈ ခုကို မျှဝေပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုတွေကို ပွေ့ပိုက်ထားပြီး ခံစားနေရင် ပိုပြီးပင်ပန်းလာတာပဲ ရှိမှာပါ။ ဒီတော့ ဖြေရှင်းလို့ရမယ့်အရာတွေကို လုပ်ဆောင်ရပါမယ်။

ချစ်တဲ့သူတွေ၊ ချစ်တဲ့အရာတွေနဲ့ထိတွေ့ပါ

ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ်ချစ်တဲ့အရာတွေနဲ့ ထိတွေ့လိုက်ရင် စိတ်ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ရစေပါတယ်။ ဒါကြောင့် တစ်ယောက်ထဲ ထိုင်တွေးပြီး စိတ်ညစ်နေမယ့်အစား ဒီနည်းလမ်းကို အသုံးချကြည့်ပါ။

လမ်းလျှောက်ပါ

လမ်းလျှောက်ပေးခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ မြက်ခင်းပေးမှာ ခြေဗလာနဲ့ လမ်းလျှောက်တာမျိုးလည်း လုပ်ကြည့်ပါ။

ခွေး၊ ကြောင်မွေးပါ

ခွေးလေးတွေ ကြောင်လေးတွေက အရမ်းအဖော်ရပါတယ်။ သူတို့ကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေနိုင်ပါတယ်။

Social Media ကနေထွက်ပါ

Stress တွေများနေတဲ့အချိန် Social Media အထူးသဖြင့် Facebook သုံးတာက ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ပိုပြီး စိတ်ညစ်စေပါတယ်။ ဒါကြောင့် Social Media ကနေထွက်ထားလိုက်ပါ။

ခရီးသွားပါ

အချိန်ရရင် ခရီးသွားပါ။ ခရီးသွားတာက စိတ်ဖိစီးမှုတွေ ပြေပျောက်စေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်၊ ယောဂကျင့်ပါ

အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာတွေကလည်း စိတ်ဖိစီးမှုကို ပြေပျောက်စေတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာတစ်မျိုးကို လုပ်ကြည့်ပါ။

စိတ်အေးအေးထားပါ

တစ်ခုခုဆိုရင် အရမ်း Serious မဖြစ်ပါနဲ့။ ပိုပြီးစိတ်ပင်ပန်းရပါတယ်။ ဒီတော့ ဘာကြောင့်ပဲ စိတ်ဖိစီးမှုရှိရှိ၊ ဘာကိစ္စပဲရှိရှိ အရင်ဆုံး စိတ်အေးအေးထားပါ။ စိတ်အေးအေးထားပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

ဆုတောင်းဖို့မမေ့ပါနဲ့

ဆုတောင်းတာကလည်း ကိုယ့်အတွက် စိတ်သက်သာရာရစေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆုတောင်းဖို့လည်း မမေ့ပါနဲ့။