မျက်နှာသစ်တာက အရေးမကြီးဘူးလို့ တချို့ကထင်တက်ကြပေမယ့် တကယ်‌တော့ မျက်နှာသစ်တာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီပိုတွေ၊ အညစ်အကြေးတွေနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် သုံးတဲ့ပစ္စည်း မျက်နှာသစ်တဲ့ပုံစံ မှန်ဖို့တော့ အရေးကြီးပါတယ်။

မျက်နှာသစ်ဆေးသေချာရွေးပါ

မျက်နှာသစ်ဖို့အတွက် မျက်နှာသစ်ဆေးသုံးမယ်ဆို ကို်ယ့်အသားအရေအတွက် သင့်တော်တဲ့မျက်နှာသစ်ဆေးကို ရွေးဝယ်ဖို့ အရေးကြီးပါတယ်။

မျက်နှာကို ရေနွေးနဲ့ မသစ်ပါနဲ့

မျက်နှာကို ရေးနွေးနဲ့သစ်တဲ့အခါ အပူဓာတ်က အရေပြားထဲက အစိုဓာတ်ကို စုပ်ယူသွားတာမလို မျက်နှာအသားအရေကို ခြောက်သွေ့ပြီး ယားယံစေနိုင်ပါတယ်။

တစ်နေ့နှစ်ကြိမ်သစ်ပါ

မျက်နှာကို မနက်တစ်ကြိမ်နဲ့ ညအိပ်ခါနီးတစ်ကြိမ်သစ်ပေးပါ။ ဒါမှ တစ်နေကုန်မျက်နှာမှာကပ်ငြိနေတဲ့ ဖုန်နဲ့အညစ်အကြေးတွေနဲ့ ညမအိပ်မှာပါ။ နောက်တခုက ချွေးထွက်များတဲ့ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း မျက်နှာသစ်ဖို့ မမေ့ပါနဲ့။

Makeup Remover သုံးပါ

ညဘက် အိပ်ရာမဝင်ခင်မှာ မိတ်ကပ်တွေကို ကုန်အောင်ဖျက်ဖို့ အရေးကြီးပါတယ်။ ပေါ့ပါးတဲ့ မိတ်ကပ်လိမ်းထားရင်တောင်မှ ဖျက်ဖို့လိုအပ်ပါတယ်။ မိတ်ကပ်ဖျက်ဖို့ အဆီကိုအခြေခံထားတဲ့ cleanser ဒါမှမဟုတ် Micellar Water ကို သုံးပေးပါ။

မျက်နှာကိုအတင်းမပွတ်ပါနဲ့

မျက်နှာသစ်တဲ့အခါ လက်နဲ့အတင်းမပွတ်ဘဲ လက်ချောင်းထိပ်လေးတွေနဲ့ ဖြေးဖြေးချင်းနှိပ်ပြီး မျက်နှာကိုနှိပ်ပေးပါ။

သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါကိုသုံးပါ

မျက်နှာသစ်ပြီးတဲ့အချိ်န် သုတ်တဲ့မျက်နှာပုဝါက သန့်ရှင်းဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ မသန့်တဲ့မျက်နှာသုတ်ပဝါပေါ်မှာက ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်လို့ပါ။ သုတ်တဲ့အခါ မျက်နှာကို ပုဝါနဲ့ပွတ်ပြီးသုတ်မယ့်အစား အသာလေးသုတ်ပေးပါ။

Moisturizer သုံးဖို့မမေ့ပါနဲ့

မျက်နှာသစ်ပြီးရင် မျက်နှာရဲ့အစိုဓာတ်ကို ထိန်းဖို့နဲ့ အသားအရေမခြောက်စေဖို့ Moisturizer ကို မဖြစ်မနေသုံးပေးပါ။