မိန်းကလေးအများစုဟာ ဓမ္မတာလာတဲ့အချိန်မှာ ဗိုက်အောင့်တာ ၊ ကိုယ်လက်ကိုက်ခဲတာ ၊ ပင်ပန်းနွမ်းနယ်တာ စတာတွေကို ခံစာနေကြရပါတယ်။ သင်လည်း ဓမ္မတာလာချိန် ဒီအချက်တွေ ခံစားနေရတယ်ဆိုရင် ဒါတွေကို သက်သာစေနိုင်တဲ့ ဒီနည်းလမ်းတချို့ကို လုပ်ကြည့်ပါ။
အာဟာရ
ရာသီလာတဲ့အချိန်မှာ အသီးအနှံတွေ ၊ သံဓာတ်နဲ့ ဗီတာမင်ဘီ ကြွယ်ဝတဲ့အသီးအရွက်တွေကို စားပေးရင် ရာသီလာချိန် ခံစားရတဲ့ မအီမသာဖြစ်တာတွေကို လျှော့ချပေးနိုင်ပါတယ်။
ရေဓါတ်
လူက ပင်ပန်းနွယ်နယ်လာတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်လာပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာလောက် သောက်ပြီး ရေဓာတ်ကို ထိန်းထားပါ။
လေ့ကျင့်ခန်း
တချို့က ရာသီလာချိန်မှာ လေ့ကျင့်ခန်းမလုပ်ရဘူးလို့ပြောတတ်ကြပေမယ့် ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေက ဓမ္မတာကြောင့်ဖြစ်တတ်တဲ့ ဝေဒနာတွေကိုသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
အိပ်ချိန်
ရာသီလာချိန် ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့နဲ့ သက်သာဖို့အတွက် နောက်တခုက ညဘက်အိပ်ချိန်မှာ သက်တောင့်သက်သာရှိဖို့နဲ့ အိပ်ချိန်ကလည်း လုံလုံလောက်လောက်ရှိဖို့ပါ။
သက်တောင့်သက်သာနေပါ
ညဘက်မအိပ်ခင် တရားထိုင်တာ ၊ ပေါ့ပါးတဲ့ယောဂလုပ်တာ ၊ ရေနွေးပူပူလေးနဲ့ရေချိုးတာတွေက လူကိုသက်တောင့်သက်သာရှိစေပြီး ညဘက်တွေမှာလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။