သင်က အရောင်လုံးဝမဆိုးရသေးတဲ့ သဘာဝဆံသားပိုင်ရှင်တစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ ဆိုးဆေးမထိထားတဲ့ ဆံသားရှိသူတွေသာ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့ သဘာဝဆံပင်လေးကို ပိုပြီး တန်ဖိုးထားတတ်လာစေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

ဆံသား ပိုပြီးကျန်းမာနေမယ်


ဆေးနဲ့မထိထားတဲ့ဆံသားက ပျက်စီးမှုနည်းတာကို တော်တော်များများသိပြီးသားဖြစ်မှာပါ။ ဆံပင်ဆိုးဆေးတိုင်းက Chemical များပြီး အစိုဓာတ်ဆုံးရှုံးစေတာမို့ မဆိုးထားတဲ့သူက အစိုဓာတ်လျော့နည်းပြီး ဆံသားခြောက်သွေ့တဲ့ပြဿနာကနေ အလိုလိုကာကွယ်ပြီးသားဖြစ်စေမှာပါ။

ဆံပင်အရှည်ပိုမြန်တယ်


ဆေးဆိုးလိုက်တဲ့အခါ ဆံပင်ကအားလျော့ပြီး ဆံလုံးပါးသွားတတ်တာမို့ ဆံပင်အရှည်လည်း နှေးသွားမှာပါ။ သဘာဝဆံပင်အတိုင်းထားလိုက်တဲ့အခါ ဆံပင်က ပုံမှန်အရှိန်လေးနဲ့ အရှည်ကောင်းနေဆဲဖြစ်တာကို တွေ့ရမှာပါ။

ပုံခဏခဏသွင်းဖို့မလိုဘူး


သဘာဝဆံပင်က ဆိုးထားတာနဲ့ယှဉ်ရင် ထိန်းသိမ်းရပိုလွယ်တာမို့ ခဏခဏပုံသွင်းပြီး ပြုပြင်နေစရာမလိုပါဘူးနော်။ ခေါင်းလည်း ခဏခဏလျှော်ဖို့မလိုဘဲ ဒီတိုင်းချထားရုံနဲ့ ဆံနွယ်လေးတွေ နက်မှောင်ပြီး လေမှာဝဲနေမှာပါ။

အကုန်အကျလည်းသက်သာမယ်


ထိန်းသိမ်းမှုသိပ်မလိုတာမို့ အကုန်အကျသက်သာတာလည်း သဘာဝဆံသားပါပဲ။ ဆေးတစ်ခါဆိုးလိုက်ပြီဆိုရင် နောက်ဆက်တွဲထိန်းသိမ်းစရာတွေများတာမို့ သင့်ကိုအချိန်ကုန်၊ ငွေကုန်ဖြစ်စေမှာပါ။ သဘာဝဆံသားက အစိုဓာတ်ရနေရင်ဖြစ်တာမို့ ခေါင်းလျှော်ပြီး ဆီပုံမှန်လေးလိမ်းပေးရုံနဲ့တင် ကျော့ရှင်းနေပါလိမ့်မယ်။

ကိုယ်ပိုင် Hairstyle လေးရစေပါတယ်


သဘာဝအတိုင်း မပြင်ထားတဲ့ဆံသားက ရှည်လာတဲ့အခါမှာ သင့်ကို သူများနဲ့မတူတဲ့ Hairstyle လေး ရလိုက်သလို ဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar