အားလုံးပဲ မင်္ဂလာပါ။ အသက် ၃၀ ကျော်လာတဲ့အခါ အသားအရေက ဆယ်ကျော်သက်အရွယ်တုန်းကနဲ့ လုံး၀ ကွာသွားပြီမို့ ကိုယ့်အသက်အရွယ်အလိုက် Skincare လုပ်တတ်ဖို့ အရေးကြီးပါတယ်နော်။ အထူးသဖြင့် မိန်းကလေးတွေမှာ အသက် ၃၀ ကျော်တဲ့အခါ မျက်နှာမှာအရေးအကြောင်းနဲ့ အမဲစက်ထွက်တာ၊ အသားအရေခြောက်သွေ့တာတွေ ပိုဖြစ်တတ်လို့ Anti-aging ဖြစ်တဲ့ အလှအပပစ္စည်းတွေ သုံးဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သက်လတ်ပိုင်းအရွယ်ပျိုမေတိုင်းမှာ ဆောင်ထားသင့်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မသုံးဖြစ်တဲ့ ပစ္စည်းတွေပါနေမလား ကြည့်လိုက်ရအောင်နော်-
Cleanser အပျော့တစ်ခု
သင့်အသားအရေက ဖုန်နဲ့အညစ်အကြေးတွေမစင်ရင် အသားရောင်မွဲညစ်ပြီး ရုပ်ရင့်လာမှာပါ။ ဒါကြောင့်မို့ ကိုယ့် Skin Type နဲ့အဆင်ပြေမယ့် Cleanser ကောင်းကောင်းတစ်ခု သုံးဖို့မမေ့ပါနဲ့။ အရွယ်ရလာတာနဲ့အမျှ အသားအရေက အဆီနဲ့အစိုဓာတ်လျော့လာတတ်တာမို့ အသားမခြောက်စေတဲ့ Cleanser အပျော့တွေသုံးပေးဖို့လိုပါတယ်။
Toner
အသက် ၂၀ လောက်တည်းက Toner ပုံမှန်ထည့်သုံးတဲ့အကျင့်လုပ်ပေးပါနော်။ Toner က ချွေးပေါက်တွေကို သန့်စင်ပေးတာမို့ မလိုအပ်တဲ့ ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။
Emulsion

၄၀ ကျော်အရွယ်အထိ အသားအရေစိုပြေနေဖို့ဆိုရင် အစိုဓာတ်ဖြည့်ထားဖို့လိုတာမို့ Emulsion လို့ခေါ်တဲ့ ရေဓာတ်များတဲ့ Skincare ပစ္စည်းကိုလည်း ထည့်သုံးပေးသင့်ပါတယ်နော်။
Moisturizer

အသားအရေအစိုဓာတ်အတွက် အဓိကကျတဲ့ Moisturizer ကိုလည်း ပုံမှန်သုံးဖို့ မမေ့ပါနဲ့နော်။ Moisturizer ကိုတော့ Skin Type မရွေး နေ့စဉ် မနက်တစ်ခါ ညတစ်ခါ ပုံမှန်သုံးပေးဖို့လိုပါတယ်။
Sunscreen

အသက်ရလာတဲ့အမျှ နေလောင်ဒဏ်နဲ့ အပူကြောင့် မျက်နှာအသားအရေမှာ အရေးအကြောင်းတွေထွက်လာတတ်လို့ Sunscreen လိမ်းတဲ့အဆင့်က မရှိမဖြစ်ပါပဲ။ နေလောင်ကာတဲ့ SPF ပါဝင်မှု အနည်းဆုံး ၅၀ ရှိတဲ့ Sunscreen တွေကို ရာသီဥတုမရွေး မနက်တိုင်းပုံမှန်လိမ်းပေးပါ။
Serum

အသားအရေအစိုဓာတ်အတွက် Serum ကောင်းကောင်းတစ်ခုလည်း ဆောင်ထားဖို့လိုလာပါပြီ။ မျက်နှာမှာဆိုရင် မျက်လုံးနားတစ်ဝိုက် အသားအရေကနူးညံ့ပြီး ညိုမဲလွယ်၊ အရေးအကြောင်းပေါ်လွယ်တာမို့ Eye Serum ကိုပါ ထည့်သုံးပေးနိုင်ရင်ပိုကောင်းပါတယ်။
Retinol

အသက်ရလာတာနဲ့အမျှ အသားအရေလျော့တွဲတွဲမဖြစ်ရအောင် Retinol သုံးပေးဖို့လိုပါတယ်နော်။ Retinol ရဲ့အာနိသင်က အရေပြားတွင်း ဆုံးရှုံးသွားတဲ့ Collagen ဓာတ်ထုတ်လုပ်မှုကိုပါ ပြန်လည်မြှင့်တင်ပေးတာမို့ အသားအရေကိုတင်းတင်းရင်းရင်းလေး ဖြစ်စေမှာပါ။
Night Cream

သက်လတ်ပိုင်းအရွယ်မှာ ညပိုင်း Skincare တွေကလည်း အရေးကြီးတာမို့ Night Cream လေးတစ်ခု ဆောင်ထားတာ မမှားပါဘူးနော်။ Night Cream ပုံမှန်လိမ်းပေးတာက မနက်ပိုင်းမှာ အသားအရေလေးကြည်လင်ပြီး နှိုးထနိုင်ဖို့ ပံ့ပိုးပေးမှာပါ။
Photo Source: Pinterest
By MyStyle Myanmar
											
				
									
