အပြင်သွားခါနီးမှ ဆံပင်က အဆီတွေကြောင့် ပြားကပ်ကပ်ကြီးဖြစ်နေတဲ့အချိန် Dry shampoo က ကွက်တိပါပဲ။ ဒါပေမယ့် သုံးတဲ့အချိန်မှာ သုံးတဲ့နည်းလမ်း သုံးတဲ့ Dry Shampoo က မှန်ဖို့တော့ အရေးကြီးပါတယ်။
အရောင်
ကိုယ်ရွေးထားတဲ့ Dry Shampoo နဲ့ ကိုယ့်ဆံပင်အရောင်က အတူဆုံး ဒါမှမဟုတ် အနီးစပ်ဆုံး အလိုက်ဖက်ဆုံးအရောင်ကို ရွေးဖို့အရေးကြီးပါတယ်။
လှုပ်ပါ
Dry Shampoo ကို မသုံးခင် သေချာလေးလှုပ်ပေးပါ။ ဘာလို့လဲဆိုတော့ မသုံးတာကြာတဲ့အခါ အထဲမှာပါတဲ့ ကစီဓာတ်က အောက်ခြေမှာ အနယ်ထိုင်နေလို့ပါ။
ဦးရေပြားကို အရမ်းနီးကပ်အောင် မဖြန်းပါနဲ့
Dry Shampoo ကိုဖြန်းတဲ့အခါ ခေါင်းကနေ လေးလက်မကနေ ခြောက်လက်မအကွာလောက်ကနေ Dry Shampoo ကို ကိုင်ထားပြီး ဆံပင်အရင်းကို တိုက်ရိုက်ဖြန်းပေးပါ။
တစ်နေရာထဲမဖြန်းပါနဲ့
ဖြန်းတဲ့အခါ တစ်နေရာထဲကို ဆက်တိုက်မဖြန်းဘဲ နေရာနှံ့အောင်ဖြန်းပေးပါ။
အများကြီးမဖြန်းပါနဲ့
Dry Shampoo ကို အများကြီးဖြန်းမိရင် ဆံပင်ကို ခြောက်သွေ့စေပြီး ကြမ်းတမ်းစေတာမလို့ သင့်တော်သလောက်ဖြန်းပြီး အရင်းကနေနှိပ်ပေးတာက အကောင်းဆုံးပါ။
နေ့တိုင်းမသုံးပါနဲ့
Dry Shampoo ကို ခနခနသုံးတာက ဆံပင်ရဲ့ မွှေးညင်းပေါက်တွေကို ပိတ်စေနိုင်တာမလို့ လိုအပ်မှသာ သုံးပေးပါ။