အိမ်မှာ ခေါင်းလျှော်ပြီးလို့ ဆံပင်အခြောက်ခံတဲ့အခါ အများစုက Dryer သုံးကြပါတယ်။ ဒါပေမယ့် Dryer သုံးတဲ့နည်း မမှန်ရင် ဆံပင်တွေငြိတာ ရှုပ်ပွတာတွေ ၊ အချိန်အကြာကြီးကိုင်ထားရလို့ လက်ကောက်ဝတ် နာတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ Dryer သုံးရင်း လုပ်မိတဲ့အမှားလေးတွေပါ။ သင်ကော ဒီအမှားလေးတွေ လုပ်မိလားဆိုတာ ကြည့်ကြည့်ရအောင်-

Dryer ကိုင်တဲ့လက်မှားနေတာ

အများစုက ဆံပင်အခြောက်ခံဖို့ Dryer ကိုင်ရင် သန်တဲ့လက်က Dryer ကိုင်ပြီး နောက်တဘက်က ဘီးကို ကိုင်လေ့ရှိပါတယ်။ တကယ်တော့ သန်တဲ့လက်က ဘီးကိုကိုင်မှ ဘီးကို သေချာထိန်းနိုင်ပြီး အချိန်မြန်မြန်နဲ့ သေချာပုံသွင်းနိုင်မှာပါ။

ရေမသုတ်ဘဲ Dryer သုံးတာ

Dryer မသုံးခင် ဆံပင်က ရေစက်လက်မဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်က အချိန်ကြာကြာ အပူနဲ့ထိတွေ့လေ ပျက်စီးနိုင်ခြေ ပိုများလေမလို့ပါ။ ဒါကြောင့် ဆံပင်ကို Dryer မသုံးခင် 60% လောက်ခြောက်အောင် ပုဝါနဲ့အရင် သုတ်ပေးပါ။

အပူချိန်မမှန်တာ

တချို့က ဆံပင်မြန်မြန်ခြောက်ဖို့ အပူချိန်ကို စသုံးသုံးချင်းမှာဘဲ အဆုံးထိတင်ပြီး သုံးတတ်ကြပါတယ်။ ဒါက ဆံပင်ကို ကျွတ်တာ ၊ ခြောက်တာ ၊ အဖျားနှစ်ခွတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စစချင်းမှာ အနိမ့်ဆုံးအပူချိန်ကနေစပြီး နောက်မှ ဖြည်းဖြည်းချင်းတိုးပါ။

Heat Protectant မသုံးတာ

တချို့က ဒီအဆင့်ကို ကျော်သွားတတ်ကြပါတယ်။ တကယ်တော့ Dryer မသုံးခင် Heat Protectant က Dryer နဲ့ Styling Product တွေရဲ့အပူဒဏ်ကြောင့် ဆံသားပျက်စီးခြင်းကနေ ကာကွယ်ပေးရုံသာမက ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိပြီး ပိုကောင်းတဲ့စတိုင်လ်ကို ရရှိစေပါမလို့ မရှိမဖြစ်လိုအပ်ပါတယ်။