မိန်းကလေးတွေအတွက် ခရီးသွားတဲ့အခါမှာ ထည့်သွားသင့်တဲ့ Fashion အသုံးအဆောင်တွေကို ပြောပြပေးလိုက်ပါတယ်။

ဦးထုပ်

ခရီးသွားတဲ့အခါ ဦးထုပ်က ဖက်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်သွားသွား ထီးဆောင်းပြီးသွားဖို့ အဆင်မပြေတဲ့အတွက် ဦးထုပ်ဆောင်ထားတော့ အဆင်ပြေတာပေါ့။

နေကာမျက်မှန်

ဖက်ရှင်အနေနဲ့ရော နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက်ရော နေကာမျက်မှန်ကလည်း လိုပါတယ်။

Tote Bag or Backpack

 

အလွယ်တကူထုတ်ယူလို့ရဖို့အတွက် အိတ်ထဲအစုံပစ်ထည့်ထားလို့ရတဲ့ Tote Bag or Backpack တစ်လုံးလောက်လည်း လိုအပ်ပါတယ်။

Cross Body Bag

ပေါ့ပေါ့ပါးပါးလွယ်ဖို့အတွက် Cross Body Bag လေးတစ်လုံးလည်း ထည့်သွားနော်။

Cardigan

ခရီးသွားတဲ့အခါ လျှောက်သွားရင်ပဲဖြစ်ဖြစ်၊ ကားပေါ်မှာပဲဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ် Cardigan က မရှိမဖြစ်လိုအပ်ပါတယ်။

ပေါ့ပါးမှုရှိစေမယ့်ဖိနပ်

ခရီးသွားတဲ့အခါ ဒေါက်ဖိနပ်တွေထက်စာရင် ပေါ့ပါးမှုရှိစေမယ့်ဖိနပ် တစ်ရံက လိုကိုလိုအပ်ပါတယ်။ ဒါကြောင့် ထည့်သွားပါ။

Sneakers

ခရီးသွားတဲ့အခါမှာ လိုက်ဖက်မှုအရှိဆုံးဖိနပ်ကတော့ Sneakers ပါပဲ။ ဒါကြောင့် Sneakers လည်း ထည့်သွားနော်။

ခြေအိတ်

Sneakers တွေစီးမယ်ဆိုရင် ခြေအိတ်ကလိုတာကြောင့် ခြေအိတ်ကိုလည်း များများထည့်သွားသင့်ပါတယ်။

Swimsuit

ကမ်းခြေသွားရင် Swimsuit ထည့်သလိုပဲ တခြားနေရာဆိုလည်း ကိုယ်တည်းမယ့် Hotel က ရေကူးကန်ပါရင် Swimsuit ထည့်လို့ရတာပါပဲ။