ဓာတ်ပုံရိုက်နေကျ မိန်းကလေးတွေအတွက် လှပပြီးချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးတွေရရှိစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ ခေါင်းရှုပ်ခံပြီး ပို့စ်စဉ်းစားနေစရာမလိုအောင် ဒီပို့စ်အိုင်ဒီယာလေးတွေက အသုံးဝင်ပါလိမ့်မယ်။

ဒီပို့စ်လေးဆိုရင် လုံးဝပို့စ်မပေးတတ်ပါဘူးဆိုတဲ့သူတွေနဲ့ အရမ်းအဆင်ပြေမှာပါ။ လှလှပပလေး ဝတ်စားပြီး ပြင်ဆင်ထားတဲ့အခါ ဒီလိုလေးပဲ ရိုက်ကြည့်နော်။

ချစ်ဖို့ကောင်းတဲ့ပုံစံလေး ရိုက်ချင်ရင်တော့ ဒီပို့စ်လေးအတိုင်းသာ ပို့စ်ပေးကြည့်ပါ။

ဖက်ရှင်ကျကျလေး ဝတ်စားထားတဲ့အခါမှာတော့ ဒီပို့စ်လေးကို Try ကြည့်ပါ။ လှပပြီးဖက်ရှင်ကျတဲ့ ပုံကောင်းလေး ရလာပါလိမ့်မယ်။

ပို့စ်မပေးတတ်တဲ့သူတွေအတွက် တည်ငြိမ်ပြီးလှပတဲ့ Look မျိုး ရရှိစေမယ့် ပို့စ်လေးပါ။

Lighting ကောင်းတဲ့နေရာမှာသာရိုက်ရင် အရမ်းလှတဲ့ပုံကောင်းလေး ရရှိစေမယ့် ပို့စ်လေးပါ။

မှန်ရှေ့မှာ Mirror Selfie ရိုက်ရတာရိုးလာရင် ဒီလိုလေးရိုက်ကြည့်နော်။

မိန်းကလေးဆန်တဲ့ဖက်ရှင်လေးတွေ ဝတ်ထားတဲ့အခါ ဒီလိုလေးချစ်ဖို့ကောင်းအောင် ပို့စ်ပေးလို့ရပါတယ်။

ကော်ဖီဆိုင်တွေမှာ ချစ်ဖို့ကောင်းတဲ့ပုံလေး အနီးကပ်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။

ကင်မရာကြည့်ပြီး မရိုက်ချင်တော့ဘူးဆိုရင် ဒီလိုလေးရိုက်ကြည့်နော်။ အရမ်းလှတဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

ချစ်ဖို့ကောင်းတဲ့ Snap ပုံစံမျိုးလေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။