ဆံသားပျက်စီးနေတယ်ဆိုရင် ဆံသားအတွက် ပြန်ပြီး Care လုပ်ပေးဖို့ Treatment လုပ်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာလည်း ဆံသားပျက်စီးနေလားဆိုတာကို သိဖို့လိုပါတယ်။ ဒါကြောင့် သင့်ဆံသားပျက်စီးနေတယ်ဆိုတာ သိသာစေတဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။
ဆံသားတောက်ပြောင်မှုမရှိခြင်း
ဆံသားပျက်စီးနေတဲ့အခါမှာ ဆံသားတောက်ပြောင်မှုမရှိပဲ ဆံသားခြောက်သွေ့ပြီး ဖွာနေတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်နေရင် ဆံသားပျက်စီးတာ သိသာပါတယ်။
ဆံသားကျိုးကြေခြင်း
ဆံသားပျက်စီးပြီဆိုရင် ဆံသားကျိုးကြေပြီး ပြတ်ထွက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဆံသားနှစ်ခွဖြစ်တာတွေလည်း ဖြစ်လာပါလိမ့်မယ်။
ဆံပင်အဖျားတွေပါးလာခြင်း
ဆံပင်အဖျားတွေပါးပြီး အဖျားရှူးလာတာမျိုးတွေ၊ အဖျားမှာ နှစ်ခွဖြစ်တာတွေ များလာရင်လည်း ဒါက ဆံသားပျက်စီးနေခြင်းရဲ့ လက္ခဏာပါပဲ။
ဆံသားရှုပ်ထွေးလွယ်ခြင်း
ဆံသားပျက်စီးတဲ့အခါမှာ ဆံသားတွေက ခြောက်သွေ့ပြီး ရှုပ်ထွေးတာ၊ ငြိလွယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဘယ်အချိန်ဖြီးဖြီး ဆံသားက ရှုပ်ထွေးနေပါလိမ့်မယ်။
ဆံပင်ကျွတ်ခြင်း
ဆံသားပျက်စီးနေပြီဆိုတာ သိသာစေတဲ့ နောက်ဆုံးအချက်ကတော့ ဆံပင်ကျွတ်တာပါပဲ။ ပုံမှန်ဆံပင်ကျွတ်တာမျိုးမဟုတ်ပဲ ဆံပင်က ဖြီးလိုက်တိုင်းမှာ အထွေးလိုက်ကျွတ်တာ၊ ဆံပင်တွေပါ ကွက်လာတယ်၊ ပါးလာတယ်ဆိုရင် ဆံသားအရမ်းပျက်စီးနေတာပဲ ဖြစ်ပါတယ်။ သေချာပြန်ပြီး Care ဖို့ Treatment လုပ်ဖို့ လိုအပ်ပါတယ်။