သင့်အနေနဲ့ ကိုယ့်ချစ်သူနဲ့ ဒိတ်လုပ်နေတဲ့အချိန်ဖြစ်စေ အတူတူအနားမှာရှိနေတဲ့အချိန်ဖြစ်စေ သတိမမူဘဲ လုပ်လိုက်မိတဲ့အမှားတွေကြောင့် အကြီးအကျယ်ရန်ဖြစ်ရတာမျိုးတွေ မကြာခဏ ကြုံဖူးကြမယ်ထင်ပါတယ်။
အထူးသဖြင့် မိန်းကလေးတွေက သူတို့နဲ့အတူတူရှိနေစဉ်အချိန်မှာ သူတို့အပေါ်ကိုပဲ အပြည့်အဝအာရုံစိုက်ထားတာမျိုး လိုချင်ကြတာပါ။
(၁) ဖုန်းသုံးနေခြင်း
မိန်းကလေးတွေဟာ သူတို့အတူတူရှိနေစဉ် တခြားဘယ်သူနဲ့မှ ဖုန်းပြောနေတာ ဆိုရှယ်မီဒီယာတွေ သုံးနေတာမျိုး လုံးဝမနှစ်သက်ကြပါဘူး။ ကိုယ့်အနေနဲ့ ဖုန်းသုံးနေမယ်ဆိုရင် သူမကို ဂရုမစိုက်ရာရောက်သလို သူမဘေးမှာရှိနေတာကိုလည်း အလေးမထားရာ ရောက်စေပါတယ်။
ဒါကြောင့် သေရေးရှင်ရေးကိစ္စကလွဲပြီး တခြားသူငယ်ချင်းတွေဖုန်းဆက်တာ တခြားဆိုရှယ်မီဒီယာတွေသုံးနေတာ ဂိမ်းဆော့နေတာမျိုးတွေ အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။
(၂) ဆေးလိပ်သောက်ခြင်း
မိန်းကလေးအများစုက သူတို့ရဲ့ ချစ်သူကောင်လေး ဆေးလိပ်သောက်တာကို တော်တော်လေး ကန့်ကွက်တားမြစ်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ့်ချစ်သူကောင်လေးရောဂါရမှာဆိုးတာရယ် သူတို့ကိုယ်တိုင်က ဆေးလိပ်အနံ့တွေ မခံနိုင်တာကြောင့်ရယ် စတဲ့အချက်တွေကြောင့် ဆေးလိပ်သောက်တာကို မကြိုက်ကြပါဘူး။
တကယ်လည်း ဆေးလိပ်သောက်ခြင်းက ကိုယ်တိုင်သောက်နေသူထက် ဘေးကအငွေ့ရှုရတဲ့သူက ပိုပြီးရောဂါရစေတာကြောင့် ကိုယ့်ချစ်သူကို ရောဂါမရစေချင်ရင် သူမနဲ့ရှိနေစဉ် ဆေးလိပ်မသောက်ပါနဲ့။
(၃) တခြားကောင်မလေးတွေငမ်းမိခြင်း
ဒီအချက်ကတ ကယ်တော့ကွိုင်အကြီးကြီးတက်စေမယ့် အချက်တစ်ခုဖြစ်ပါတယ်။ ယောကျ်ားလေးတွေအနေနဲ့ ခန္ဓာကိုယ်မိုက်တဲ့ကောင်မလေးတွေ ချောတဲ့ကောင်မလေးတွေ ကိုယ်ရှေ့ကဖြတ်လျောက်သွားတာမြင်ရင် ကြည့်မိကြတာသဘာဝပါ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ အတူတူရှိနေစဉ်မှာတော့ ဒီအချက်ကို လုံးဝသတိထားသင့်ပါတယ်။ မဟုတ်ရင်တော့ ပြဿနာအကြီးကြီး တက်နိုင်ပါတယ်နော်။
(၄) အာရုံမရခြင်း
ကောက်မလေးတွေဟာ ကိုယ့်ချစ်သူနဲ့ အတူတူရှိနေတဲ့အချိန်မှာ ပခုံးပေါ်ခေါင်းလေးမှီပြီး တီတီတာတာစကားတွေ ပြောချင်ကြပါတယ်။ သူတို့ပြောတဲ့စကားတွေကိုလည်းသေချာနားထောင်ပြီး တုန့်ပြန်မှုကောင်းကောင်းရှိမှလည်း ကျေနပ်ကြတာပါ။
ဒီလိုမှမဟုတ်ပဲ ညကဘောလုံးပွဲအကြောင့် အလုပ်အကြောင်းစသည်ဖြင့် တခြားနေရာကို စိတ်ရောက်နေမယ်ဆိုရင် တော်တော်လေး ဒေါသထွက်ကြမှာဖြစ်သလို ဘယ်ကောင်မလေးကို စိတ်ရောက်နေတာလဲဆိုပြီးလည်း သံသယ ဝင်သွားနိုင်ပါတယ်။
(၅) တခြားမိန်းကလေးတွေနဲ့ စနောက်ခြင်း
ကိုယ်အနေနဲ့ ကိုယ်ချစ်သူကောင်မလေး သဝန်တိုအောင် တခြားကောင်မလေးတွေ သူငယ်ချင်းမိန်ကလေးတွေ နောက်ဆုံး ရုပ်ရှင်မင်းသမီးတွေနဲ့ စတာတောင်မခံနိုင်ကြပါဘူး။
ကိုယ်က အစအနောက်သန်တဲ့သူဆိုရင်လည်း တခြားသောအကြောင်းအရာတွေနဲ့စပါ။ သူစိမ်းမိန်းကလေးတွေနဲ့ စ ပါများရင် သင့်ကို တဖြေးဖြေးမယုံသလိုဖြစ်လာပြီး သံသယစိတ်တွေ ကြီးထွားလာပါလိမ့်မယ်။