မင်္ဂလာပါ ပျိုမေတို့ရေ။ Trend နဲ့အညီ မိတ်ကပ် Look အသစ်လေးတွေ စမ်းပြင်ကြည့်ချင်တဲ့ ပျိုမေတို့အတွက် လတ်တလော နာမည်ကြီး Cele တွေ၊ မိတ်ကပ် Artist တွေကြား ခေတ်စားလာတဲ့ Strawberry မိတ်ကပ် Look ပြင်နည်းလေးကို ဖော်ပြပေးချင်ပါတယ်နော်။ Strawberry မိတ်ကပ်ဆိုတာကတော့ သဘာဝဆန်ဆန် ပါးပါးကြည်ကြည်နဲ့ Glow နေမယ့် Look ကိုမှ ပုံမှန်ထက် ပါးနီခပ်ရဲရဲလေးဆိုးပေးရတဲ့ပုံစံဖြစ်ပါတယ်။
ဒီ Look အတွက် မိတ်ကပ်သားထူဖို့မလိုတာမို့ Foundation အစား Tinted Moisturizer နဲ့ Concealer သီးသန့်သုံးပြီးတော့လည်း လိမ်းနိုင်မှာပါ။ ပြင်ရလွယ်တဲ့ ပေ့ါပေါ့ပါးပါး Makeup Look လေး ဖြစ်တာမို့ ရာသီဥတုပူတဲ့နေ့တွေ မိတ်ကပ်သိပ်မလိမ်းချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အသားအရောင်မရွေးလည်းလိုက်ဖက်တာမို့ Try ကြည့်ချင်တယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-
အသားရောင်မညီတဲ့နေရာတွေ၊ အမည်းစက်ရှိတဲ့နေရာတွေမှာ Concealer လေးအရင်စလိမ်းပြီး ဖုံးပါမယ်။ အရမ်းဖြူဖို့မလိုတာမို့ အသားရောင်ညီသွားပြီဆိုတာနဲ့ အောက်ခံမိတ်ကပ်အဆင့်က လုံလောက်သွားပါပြီ။
ပါးနီအတွက် Cream Blush ကိုသုံးပေးပါမယ်။ ပန်းရောင် (သို့) အနီရောင်သုံးပြီး ပါးမို့လေးတွေပေါ်ခပ်ရဲရဲ ခြယ်ပေးပါ။ များများဆိုးရမှာဖြစ်လို့ ကိုယ်နဲ့လိုက်တဲ့ Shade ကိုတော့ ကြိုရှာပြီး စမ်းကြည့်ပေးပါ။
ပြောင်ပြောင်ကြည်ကြည်လေးဖြစ်ဖို့ Highlighter အရည် (သို့) Cream ကို ပါးနှစ်ဖက်မှာ တင်ပေးပါ။ လက်ချောင်းလေးတွေနဲ့ Blend လုပ်ပေးနိုင်ပါတယ်။
Bronzer အညိုကိုတော့ ဆံစပ်၊ မေးစေ့နဲ့ ပါးရိုးအောက်နားတွေမှာ ခြယ်ပြီး မျက်နှာကျလေးဖော်ပေးရပါမယ်။ Eye Liner အတွက် အညိုရောင် Pen သုံးပြီး ခပ်ကော့ကော့လေးခြယ်ပေးပါမယ်။ ပြီးရင်တော့ အလားတူ Liner Pen လေးနဲ့ပဲ Freckle လို့ခေါ်တဲ့မှဲ့ခြောက်အတု ပုံစံလေးတွေ ခပ်မှိန်မှိန်ဆွဲပေးလိုက်ပါ။
မျက်တောင်ရှည်ရှည်လေးတွေရဖို့ မျက်တောင်ကော့ပြီး Mascara ကိုနှစ်ခါထပ်ကော့ပေးပါ။ အရုပ်ကလေးလို လှနေမယ့် Look လေးရစေပါလိမ့်မယ်။
နှုတ်ခမ်းအတွက် Lip Liner လေးနဲ့ပုံဖော်ပြီး အပေါ်က Lip Gloss ပန်းရောင် (သို့) အနီရောင်လေး ထပ်ဆိုးပေးလိုက်ရုံပါပဲ။ ဒီအထိပြီးပြီဆိုရင်တော့ သဘာဝဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့ Strawberry Makeup Look လေးရသွားပါပြီ။
Photo Source: Pinterest
By MyStyle Myanmar