သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျတဲ့ ဖက်ရှင်တွေအကြောင်းပြောမယ်ဆိုရင် Blazer ကုတ်တွေက မပါမဖြစ်ပါပဲ။ Blazer တွေက ဝတ်ရတာ ပေါ့ပါးလွတ်လပ်မှုရှိပြီး Professional ဆန်တဲ့ဖက်ကိုသွားတဲ့ ဖက်ရှင်အသွင်အပြင်ကို ပေးစွမ်းပါတယ်။
အများစုကတော့ Blazer တွေ ဝတ်ကြတဲ့အခါ အရောင်အားဖြင့် မီးခိုးရောင်၊ အနက်ရောင် နဲ့ Navy ရောင် Blazer တွေကို ဦးစားပေး ရွေးချယ်ကြတာ များပါတယ်။ ဒါပေမယ့် ဝတ်တတ်မယ်ဆိုရင် အရောင်ဆန်းဆန်းလေးတွေနဲ့ တက်ကြွတဲ့ ဖက်ရှင်အသွင်ကို ဖော်ဆောင်ပေးမယ့် ရောင်စုံ Blazer တွေကလည်း ဝတ်လို့ကောင်းပါတယ်နော်။
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရောင်စုံ Blazer တွေကို ရာသီမရွေး ဝတ်ဆင်နိုင်မယ့် နည်းလမ်းကောင်း တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) အစိမ်းရောင် Blazers များ
ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိချင်တယ်ဆိုရင် အစိမ်းရောင် Blazers တွေကို ရွေးချယ်နိုင်ပါတယ်။ အစိမ်းရောင်ထဲမှာ ညို့အားပြင်းတဲ့ ပုလင်းစိမ်းရောင် ၊ တောက်ပြောင်တဲ့ ကတီပါစိမ်း ၊ အရောင်ခပ်နုနု အစိမ်းကာလာတွေ စသည်ဖြင့် ရွေးချယ်စရာ များပါတယ်။
အစိမ်းရောင် Blazers တွေကို မီးခိုရောင် Trousers တွေ ၊ အနက်ရောင် ဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီး နေရာမရွေး ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျကျ ဝတ်ဆင်နိုင်ပါတယ်။
(၂) အနီရောင် Blazers များ
ကော်ဇောနီပေါ်က နာမည်ကြီးအနုပညာရှင်တွေလို ဆွဲဆောင်မှုရှိချင်တယ်ဆိုရင်တော့ အနီရောင် Blazers ကုတ်တစ်ထည်သာ ဝတ်လိုက်ပါ။ အနီရောင် Blazers တွေကို အရောင်လွင်တဲ့ ဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်ပြီး ပွဲတက်အခမ်းအနားတွေ ၊ ညနေခင်းပါတီပွဲတွေအတွက် အထူးသင့်တော်ပါတယ်။
(၂) အပြာနုရောင် Blazers များ
သင်က နက်ပြာရောင် Navy ကာလာတွေပဲ ဝတ်နေကျဆိုရင်တော့ အပြောင်းအလဲ ဖြစ်စေမယ့် ကွဲပြားတဲ့ အပြာနုရောင် Blazers ကုတ်တွေကို ပြောင်းဝတ်ဆင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
အပြာနုရောင် Blazers ကုတ်တွေကို အဖြူရောင် Jeans ဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်သလို အရောင်အသွေးစုံတဲ့ ဘောင်းဘီတို ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။
(၄) ခရမ်းရောင် Blazers များ
ခရမ်းရောင် Blazers တွေကတော့ တည်ငြိမ်ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ ခရမ်းရောင် Blazers ကုတ်တွေ ဝတ်မယ်ဆိုရင် အရောင်လွင်တဲ့ အောက်ခံအင်္ကျီတွေနဲ့ တွဲဖက် ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။