ခြေထောက်အသားအရေခြောက်သွေ့ပြီး ခြေဖဝါးအက်ကွဲတာ သက်သာစေဖို့အတွက် အကောင်းဆုံး Foot Cream တွေကို မျှဝေပေးလိုက်ပါတယ်။
Hey Honey Walk the Walk Propolis Foot & Heel Repair Cream
Bee Propolis, Sage, Basil, Vitamin E, Chamomile, Aloe Vera စတာတွေပါဝင်လို့ ခြေထောက်အသားအရေ ခြောက်သွေ့တာ၊ ခြေဖနောင့် အက်ကွဲတာတွေ သက်သာစေပြီး အသားအရေ နူးညံ့စေပါတယ်။ ခြေဖဝါးအနံ့နံတာလည်း သက်သာစေပါတယ်။
Eucerin Advanced Repair Foot Cream
Lactic Acid နဲ့ Urea ပါဝင်တာဖြစ်ပြီး ဘယ်လိုအသားအရေမျိုးနဲ့မဆို အဆင်ပြေပါတယ်။ လိမ်းလိုက်ရင် စေးကပ်တာမျိုးလည်းမဖြစ်ပဲ အသားထဲစိမ့်ဝင်လွယ်ပါတယ်။ ခြေဖနောင့်အက်ကွဲတာ၊ ခြောက်သွေ့တာတွေကို သက်သာစေပြီး Skin Barrier ပိုကောင်းလာစေပါတယ်။
Burt’s Bees Coconut Foot Crème
Coconut Oil နဲ့ Olive Oil အဓိကပါဝင်လို့ ခြေထောက်အသားအရေ ခြောက်သွေ့ကြမ်းတမ်းတာ၊ ခြေဖနောင့်ကွဲတာတွေ သက်သာစေပါတယ်။ Texture က နည်းနည်းထူပေမယ့် အသားထဲစိမ့်ဝင်လွယ်ပါတယ်။
L’Occitane Shea Butter Foot Cream
Shea Butter, Coconut Oil, Lavender Essential Oil အဓိကပါလို့ ခြေထောက်အသားအရေ ခြောက်သွေ့ပြီး ကွဲအက်နေတာတွေ၊ နာကျင်တာတွေကိုပါ သက်သာစေပါတယ်။ အနံ့ကလည်း Lavender အနံ့လေးဖြစ်လို့ သုံးရတာ အရမ်းအဆင်ပြေပါတယ်။
CeraVe SA Renewing Foot Cream
CeraVe ကတော့ Dermatologists တွေကိုယ်တိုင် Recommend ပေးထားတာဆိုတော့ မတည့်တဲ့သူ မရှိသလောက်ပါပဲ။ ခြေထောက်အသားအရေ ခြောက်သွေ့ကြမ်းတမ်းတာ၊ ခြေဖနောင့်ကွဲတာတွေကို သက်သာစေပြီး အသားအရေယားယံတာမျိုးလည်း မဖြစ်စေပါဘူး။ ခြေထောက်အသားအရေ နူးညံ့လာပြီး Skin Barrier လည်း ပိုကောင်းလာစေပါတယ်။