ပြုံးတာလှတဲ့ ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ ပို့စ်ပေးနည်း အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ပို့စ်မပေးတတ်ဘူး ဓာတ်ပုံရိုက်ရင် ပြုံးပြတာပဲ လုပ်တတ်တယ်ဆိုတဲ့ သူတွေအတွက်လည်း အသုံးဝင်မယ့် ပို့စ်အိုင်ဒီယာလေးတွေ ဖြစ်ပါတယ်။

လက်ပိုက်ပြီး ခေါင်းလေးနည်းနည်းစောင်းကာ ပြုံးပြီးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

အနောက်မှာ လက်တင်စရာအမှီလေးရှိရင်တော့ ဒီပို့စ်လေးကို Try ကြည့်ပါ။ လုပ်ရတာ လွယ်ကူပါတယ်။

အိတ်လေးကို စလွယ်သိုင်းပြီးလွယ်ထားရင်တော့ ဒီပို့စ်လေးအတိုင်း ပို့စ်ပေးပြီး ပြုံးနေလိုက်ရုံပဲနော်။ လုပ်ရတာလွယ်ကူပြီး အရမ်းချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။

ရေကူးကန်မှာ Swimsuit လေးနဲ့ ဓာတ်ပုံရိုက်ရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။ ချစ်ဖို့ကောင်းပါတယ်။

လက်တင်စရာနေရာလေးရှိရင် ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ ခေါင်းလေးနည်းနည်းစောင်းပြီး ပြုံးနေဖို့လည်း မမေ့နဲ့နော်။

ထိုင်နေတဲ့ပုံလေးကို အရှေ့တည့်တည့်က ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။

ပို့စ်သိပ်မပေးတတ်လည်း ဒီပုံလေးဆို အရမ်းလွယ်ကူတာကြောင့် Try ကြည့်နော်။

ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ် လွယ်ကူပြီး ချစ်ဖို့ကောင်းတဲ့ ပို့စ်လေးပါ။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

ပြုံးတာလှရင် ဓာတ်ပုံရိုက်တဲ့အခါ အမြဲသာပြုံးနေလိုက်ပါ။ ဘယ်လိုပို့စ်ပေးပေး ချစ်ဖို့ကောင်းပါတယ်။ ဒီပုံလေးဆိုလည်း လွယ်ကူတဲ့ပို့စ်လေးပါပဲ။

Photo source:www.pinterest.com