မိတ်ကပ်လိမ်းရတာကို သဘောကျပေမဲ့ နေ့တိုင်းမိတ်ကပ်လိမ်းတဲ့အခါ ဖြစ်လာမယ့်ဆိုးကျိုးတွေကို စိတ်ပူနေတာလား ? ဒါဆို မိတ်ကပ်လိမ်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီးနောက်ပိုင်း မှာ ဒီအချက်တွေကို မဖြစ်မနေလုပ်ပေးပါ။

Right Product

အသားအရေက တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ကိုယ့်အသားအရေနဲ့ကိုက်တဲ့ ပစ္စည်းကိုဘဲရွေးသုံးသင့်ပါတယ်။ ဓါတ်မတည့်တာ ရှိမရှိဖြစ်ဖို့တော့ မဝယ်ခင်မှာ ပါဝင်ပစ္စည်းတွေကိုတော့ သေချာစစ်ဖို့လိုပါတယ်။

Moisturizer

သင့်အသားအရေ အမျိုးအစားက ဘယ်ပဲဖြစ်ဖြစ် Moisturizer ရဲ့ အရေးပါမှုကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။

Sunscreen

နေရောင်ခြည်ဒဏ်က သင့်အသားအရေကို စောစီးစွာ အိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းခင် Sunscreen သေချာလိမ်းဖို့ အရေးကြီးပါတယ်။

Brushes ဆေးပါ

မိတ်ကပ်လိမ်းပြီးတာနဲ့ Brushes နဲ့ Sponge တွေကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။ ဒါတွေကို တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်လောက် ဆေးပေးပါ။

မိတ်ကပ်ဖျက်ပါ

အိပ်ရာမဝင်ခင်မှာ မိတ်ကပ်တွေကို မဖြစ်မနေဖျက်ဖို့ လိုအပ်ပါတယ်။ ပြီးမှ မျက်နှာကိုသေချာ ဆေးပေးပါ။

တခြားသူနဲ့မျှမသုံးပါနဲ့

မိတ်ကပ်နဲ့တခြား Brushes နဲ့ Sponge တွေကို တခြားလူနဲ့မျှသုံးတဲ့အခါ ဘက်တီးရီးယားတွေကို ပျံ့စေတာမလို့ မိတ်ကပ်ပစ္စည်းတွေ မျှသုံးတာကို ရှောင်ကြဉ်ပါ။