လူငယ်ကောင်မလေးတွေအတွက် ပူအိုက်တဲ့နေ့တွေမှာဝတ်ဖို့ လူငယ်ဆန်တဲ့ လက်ပြတ်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပူဒဏ်သက်သာအောင်လည်း ဝတ်ချင်တယ်၊ ဖက်ရှင်ကျပြီးလှတာမျိုးလည်း ဝတ်ချင်တယ်၊ လူငယ်ဆန်တာလေးလည်း ကြိုက်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးတွေကို သဘောကျမှာ သေချာပါတယ်။
ဂျင်းစကပ်အတိုလေးကို ဒီလိုကြိုးတစ်လုံး လက်ပြတ်လေးနဲ့ တွဲဝတ်ပြီး ဒီလိုဖက်ရှင်စတိုင်လ်လေး တွဲဖက်ဝတ်ဆင်တာမျိုးက လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို အပူဒဏ်လည်း သက်သာစေတဲ့ ဖက်ရှင်လေးပါ။
Midi ဂျင်းစကပ်လေးတွေကလည်း ခေတ်စားနေတာဆိုတော့ ကြိုးတစ်လုံးလေးနဲ့ တွဲဝတ်တာပဲဖြစ်ဖြစ် ရင်ပြတ် Top လေးနဲ့ တွဲဝတ်တာပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ Sneakers လေးစီးလိုက်ရင်တော့ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းသွားတာပေါ့။
ဝတ်ဖို့အတွက် ထွေထွေထူးထူး မစဉ်းစားချင်တဲ့အခါမှာဆိုရင် ကြိုးတစ်လုံးဂါဝန်အတိုလေးကို ဒီလိုစတိုင်လ်လေး ဝတ်ကြည့်နော်။
ပူအိုက်တဲ့နေ့တွေအတွက် ဘယ်တော့မှရိုးမသွားပဲ ပေါ့ပါးမှုရှိစေမယ့်၊ ချစ်ဖို့ကောင်းစေမယ့် ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။
ဂျင်းဘောင်းဘီအရှည်ကို ဒီလိုလက်ပြတ်ကြိုးတစ်လုံး Top လှလှလေးတွေနဲ့လည်း တွဲဝတ်ကြည့်နော်။ ဖက်ရှင်ကျပြီးလှပါတယ်။
လူငယ်ကောင်မလေးတွေအတွက် ဒီလိုဘောင်းဘီအရှည်လေးတွေကို ကြိုးတစ်လုံးလေးတွေ၊ လက်ပြတ်လှလှလေးတွေနဲ့ တွဲဝတ်ပြီး Sneakers အဖြူလေးစီးတာမျိုးကလည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းတဲ့ လူငယ်စတိုင်လ်လေးပါပဲ။
လက်ပြတ် Top လှလှလေးတွေကို ဒီလို Style Pant လေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေး စီးလိုက်ရင်တော့ ကြော့ရှင်းပြီး လှပနေမှာပါ။ ပိုပြီးလူငယ်ဆန်ချင်ရင်တော့ ဖိနပ်ကို Sneakers အဖြူလေးစီးပါ။
ပေါ့ပါးမှုရှိပြီး လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းနေမယ့် ဖက်ရှင်လေးပါ။ ပူအိုက်တဲ့နေ့တွေအတွက် မရှိမဖြစ် ဖက်ရှင်လေးပါပဲ။
လူငယ်ဆန်ပြီး ရှင်းရှင်းလေးနဲ့လှနေမယ့် ဖက်ရှင်လေးပါ။ ပူအိုက်တဲ့နေ့တွေအတွက်လည်း အရမ်းအဆင်ပြေတယ်နော်။
Photo source:www.pinterest.com