ဆံသားအတွက် Avocado Oil ကိုသုံးပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံသားကျန်းမာ လှပစေဖို့အတွက်တင်မဟုတ်ပဲ ဘယ်လိုကောင်းကျိုးတွေပါ ရရှိနိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

ဆံသားအတွက်လိုအပ်တဲ့အာဟာရဓာတ်ရခြင်း

Avocado Oil ကိုသုံးပေးခြင်းက ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပြီး ဆံသားခြောက်သွေ့တာ၊ ဖွာတာ၊ ဆံသားကျိုးကြေတာတွေ သက်သာစေပါတယ်။ ဆံသားပျက်စီးနေတာတွေကိုလည်း သက်သာစေပါတယ်။

ဆံပင်သန်စေခြင်း

Avocado မှာက Biotin, Vitamin B စတာတွေပါဝင်လို့ ဆံသားအတွက် အရမ်းကောင်းပါတယ်။ ဆံပင်သန်ပြီး အုံထူလာစေတယ်၊ ဆံပင်အရှည်မြန်လာစေတယ်၊ ဆံသားကျန်းမာသန်စွမ်းစေပါတယ်။ ဒါကြောင့် ဆံပင်ပါးပြီး ဆံပင်အရှည်နှေးနေတယ်၊ ဆံသားပျက်စီးနေတယ်ဆိုရင် Avocado Oil ကို သုံးကြည့်ပါ။

ဆံသားတောက်ပြောင်စေခြင်း

Avocado Oil ကို ပုံမှန်လိမ်းပေးရင် ဆံသားတောက်ပြောင်ပြီး ချောမွေ့စေပါတယ်။ ကြည့်လိုက်တာနဲ့ ဆံသားတောက်ပြောင်နေတာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် Avocado Oil က ဆံသားအတွက် အရမ်းကောင်းပါတယ်။

ဦးရေပြားကျန်းမာစေခြင်း

Avocado Oil နဲ့ ဦးရေပြားကို Massage လုပ်နှိပ်နယ်ပေးမယ်ဆိုရင် ဆံသားတင်မဟုတ်ပဲ ဦးရေပြားလည်း ကျန်းမာစေပါတယ်။ ဦးရေပြားကျန်းမာပြီး သွေးလည်ပတ်မှု ကောင်းမွန်တဲ့အတွက် ဆံပင်သန်စေပါတယ်။ ဗောက်ထတာတွေလည်း သက်သာစေပါတယ်။ ဆံပင်ကျွတ်တာလည်း သက်သာသွားစေပါတယ်။