တစ်ခါတစ်လေကျရင် လုပ်ငန်းခွင်စရောက်ထဲက အိပ်ငိုက်တာမျိုး၊ နေ့လည်ထမင်းစားပြီးရင် အိပ်ငိုက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလို လုပ်ငန်းခွင်မှာ အိပ်မငိုက်အောင် ကူညီပေးနိုင်မယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။
ကော်ဖီသောက်ပါ
အိပ်မငိုက်အောင်လို့ နေ့လည်ဘက်တွေ အထူးသဖြင့် ထမင်းစားပြီး တစ်နာရီလောက်ကြာရင် ကော်ဖီသောက်ပါ။ ကော်ဖီသောက်တာက အိပ်ချင်ပြေပြီး Active ဖြစ်စေတာကြောင့် အလုပ်လုပ်လို့လည်း ပိုကောင်းစေပါတယ်။
အလင်းရောင်ကောင်းကောင်းရအောင်လုပ်ပါ
အလင်းရောင်မကောင်းတဲ့နေရာမှာ အလုပ်လုပ်ရင် ထိုင်းမှိုင်းပြီး ပိုအိပ်ချင်လာပါတယ်။ ဒီတော့ ကိုယ်အလုပ်လုပ်မယ့်နေရာက အလင်းရောင် ကောင်းကောင်းရတဲ့နေရာ ဖြစ်ဖို့ လိုပါတယ်။
မြူးတဲ့သီချင်းနားထောင်ပါ
အိပ်ငိုက်တာမျိုး မဖြစ်အောင် သီချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်ပါ။ သီချင်းနားထောင်တဲ့အခါမှာလည်း မြူးတဲ့သီချင်းတွေကို နားထောင်ပေးပါ။
မအားအောင်နေပါ
အားနေရင် ဖြေးဖြေးချင်းလုပ်ရင်းနဲ့ အိပ်ငိုက်တာမျိုး၊ ပျင်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ မအားအောင်နေပါ။ အလုပ်လုပ်စရာရှိတာတွေကို လုပ်ပါ။ အလုပ်သိပ်မရှိဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာမျိုး၊ လမ်းခဏထလျှောက်တာမျိုး၊ အလုပ်ပြန်လုပ်တာမျိုးတွေ လုပ်ပေးလို့လည်း ရပါတယ်။
အိပ်ရေးမပျက်ပါစေနဲ့
အလုပ်မှာ တစ်ချိန်လုံးအိပ်ငိုက်နေတယ်ဆိုရင်တော့ အိပ်ရေးပျက်လို့ပါပဲ။ ဒီတော့ အိပ်ရေးမပျက်ပါစေနဲ့။ အိပ်ရေးဝအောင်အိပ်ပါ။
အဆီအစိမ့်နဲ့တက်စေမယ့်အစားအသောက်တွေရှောင်ပါ
နေ့လည်ထမင်းစားချိန်မှာ အဆီအစိမ့်နဲ့ တက်စေမယ့် အစားအသောက်တွေကို စားသောက်မယ်ဆိုရင် စားပြီးခဏနေတာနဲ့ အိပ်ချင်လာမှာပါ။ ဒီတော့ အိပ်မငိုက်အောင် ဒီအရာတွေကိုလည်း ရှောင်ပေးရင်တော့ ပိုကောင်းပါတယ်။