Eyelash Extensions ကြောင့် ဘယ်လိုအန္တရာယ်တွေရှိနိုင်လဲဆိုတာ သိပါရဲ့လား ? မျက်တောင်ဆက်တာက အခုခေတ်လူတော်တော်များများကြားမှာ ရေပန်းစားလာတဲ့ အလှနည်းတစ်မျိုးဖြစ်ပြီး အခုဆို မိန်းကလေးတွေကြားမှာ ပုံမှန်လုပ်လေ့ရှိတဲ့အရာတစ်ခုဖြစ်နေပါပြီ ။
ဒါပေမယ့် တော်တော်များများက မျက်တောင်ဆက်နေကြပေမယ့် သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါဆို Eyelash Extensions ကြောင့်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြည့်ရအောင်-
ဓာတ်မတည့်တာ
မျက်တောင်တွေက ဘာနဲ့လုပ်ထားလဲမသိတဲ့အခါ ဓာတ်မတည့်တာတွေဖြစ်နိုင်ပြီး ယားတာတွေဖြစ်တတ်ပါတယ်။ ယားတဲ့အခါ မျက်လုံးကိုပွတ်မိရင် မျက်တောင်တွေကို ထိခိုက်စေနိုင်ပါတယ်။
မျက်တောင်တွေဆုံးရှုံးတာ
ခနခန မျက်တောင်ကိုဆက်တာ ဖြုတ်တာတွေလုပ်တဲ့အကြိမ်အရေအတွက်များလာရင် နုဂိုရှိပြီးသား မျက်တောင်တွေကိုပါ ဆုံးရှုံးနိုင်ပါတယ် ။ နောက်တခုက ဆက်ပြီးသားမျက်တောင်တွေကို ဖြုတ်တဲ့အခါ သေချာမဖြုတ်ဘူးဆိုရင်လည်း မျက်တောင်တွေဆုံးရှုံးနိုင်ပါတယ်။
Blepharitis
မျက်တောင်ဆက်ထားတဲ့အချိန် မျက်ခွံအတွင်းပိုင်းက အဆီဂလင်းတွေရောင်လာတဲ့အခါ က်ခွံတွေရောင်ပြီးBlepharitis လို့ခေါ်တဲ့ မျက်လုံးနီတာ ၊ ယားယံတာတွေဖြစ်တတ်ပါတယ်။
ဘက်တီးရီးယား
ပြန်သုံးလို့ရတဲ့ မျက်တောင်တွေကိုသုံးတဲ့အခါ ဘတ်တီးရီးယားတွေက မျက်တောင်မှာကပ်နေတတ်ပါတယ်။ ဒါ့အပြင် လေက တစ်ချိန်လုံး မသန့်ရှင်းတဲ့အပြင်မိ တ်ကပ်ပစ္စည်းတွေမှာ ပါတဲ့ဓာတုပစ္စည်းတွေကြောင့်လည်း ဘက်တီးရီးယား တွေဖြစ်လာနိုင်ပါတယ်။ ကြာလာရင် ဒီဘတ်တီးရီးယားတွေကြောင့် မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။
အထိခိုက်မခံတော့တာ
ကော်နဲ့ မိတ်ကပ်တွေ အရမ်းသုံးလွန်းတဲ့အခါ ကြာလာရင် မျက်လုံးတွေက တကယ်ကို ထိခိုက်လွယ်ပြီး မျက်တောင်တုတွေ မတပ်နိုင်တော့ပါဘူး။ ဒါကြောင့် အလှအပအတွက်နဲ့ ကျန်းမာရေးကို စွန့်စားရကျိုးနပ်ရဲ့လား စဉ်းစားပါ။