အဝတ်အစားနဲ့ပတ်သက်ပြီး ရှည်ရှည်ဝေးဝေး မစဉ်းစားချင်တဲ့သူတွေနဲ့ အကိုက်ညီဆုံး ဖက်ရှင်ပုံစံဆိုရင် ဘာကိုပြေးမြင်မိပါသလဲ။ ဟုတ်ပါတယ် Hoodie ပါ။
Hoodie ကောင်းကောင်းတစ်ထည်သာ ရှိမယ်ဆိုရင် All in one item တစ်ခုလိုပဲ ကိုယ့်ရဲ့ဖက်ရှင်အမြင်ရှိရင်ရှိသလောက် အိမ်နေရင်းပေါ့ပေါ့ပါးပါး ဝတ်ရာကနေ Runway Style ထိ ပြောင်းလဲနိုင်မှာ အသေချာပါပဲ။
ဒါကြောင့် ဘယ်လိုလိုက်ဖက်ညီအောင် ဝတ်သင့်လဲဆိုတဲ့ အကြံပြုချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Jeans နဲ့ တွဲဝတ်ပါ
သူ့ထက် ရိုးရှင်းတာတောင် သူ့လောက်ရိုးရှင်းမယ်မထင်ပါဘူး။ ဒါပေမယ့် ရိုးရှင်းမှုသာ အကောင်းဆုံး ဆိုတဲ့ စကားလိုပါပဲ။ အပြင်သွားခါနီးမှ ဘာဝတ်ရမလဲစဉ်းစားရကျပ်နေရင် Hoodie နဲ့ Jeans pants တစ်ထည်သာ တွဲဝတ်လိုက်ပါ။ ကာလာအတွဲအစပ်မိုက်နေဖို့တော့ လိုမယ်နော်။
(၂) Jacket ထပ်ဝတ်ပါ
Hoodie တစ်ထည်တည်းဆိုရင် တခါတရံ ပျင်းစရာကောင်းနေတတ်လို့ အပေါ်က တခုခုထပ်ဝတ်ဖို့ စဉ်းစားနေရင်တော့ Denim Jacket သာရွေးလိုက်ပါ။ တစ်ခုသတိထားရမှာကတော့ Jacket နဲ့ Hoodie ကို Tone မတူတဲ့ Color ဖြစ်ရမှာပဲဖြစ်ပါတယ်။
(၃) Blazer Coat ကိုရွေးပါ
ကိုယ်အကြိုက်ဆုံး Hoodie ကို ရုံးဝတ်သွားချင်တယ် ဒါမှမဟုတ် ပွဲတစ်ခုခုသွားချင်တယ် ဒါပေမယ့် အရမ်း ပေါ့ပေါ့ပါးပါးနဲ့ Freestyle ဆန်နေမှာလည်း စိတ်ပူနေရရင် Blazer Coat သာ ရွေးလိုက်ပါ။ လူငယ်လဲဆန် အမြင်လဲတင့်ပြီး စမတ်ကျတဲ့ အသွင်ဆောင်စေတာမို့ ပြီးပြည့်စုံတဲ့တွဲဖက်မှုတစ်ခုပါပဲ။ အတွင်းက ခံဝတ်မယ့် Hoodie က ထူမနေဖို့တော့ သတိထားပါ။
(၄) Bomber Jacket နဲ့တွဲဝတ်ပါ
လမ်းထိပ်ကနေ Runway ထိ သွားလို့ရတဲ့ Fashion ပြပါဆိုရင် Hoodie အပေါ်က bomber jacket ထပ်ဝတ်တာမျိုးဖြစ်မှာ အသေချာပါပဲ။ Bomber jacket ခပ်ပွပွနဲ့ Hoodie နဲ့က လွတ်လပ်ပေါ့ပါးပြီး အထာကျနေတဲ့အသွင်ရစေလို့ Hollywood star တွေ အမြဲဝတ်လေ့ရှိတဲ့ ဖက်ရှင်စတိုင်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။