မင်္ဂလာပါ ပျိုမေတို့ရေ။ လက်သည်းနီဆိုရင် အရောင်တောက်တောက်တွေထက် ခပ်ငြိမ်ငြိမ်နဲ့ အမြင်အေးမယ့် အရောင်လေးတွေ ပိုကြိုက်တဲ့သူရှိလား။ ဒါဆိုရင်တော့ Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းရောင် ကာလာဆန်းဆန်းလေး ဆိုးကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။ Matcha ကာလာလေးတွေက အရောင်အရမ်းမရင့်သလို ထင်းပြီးလှတာမို့ အသားညိုသူ၊ ဖြူသူမရွေးလိုက်ဖက်ပါတယ်။ သူ့အရောင်လေးက ဆွဲဆောင်မှုတစ်မျိုးရှိတာမို့ လူငယ်မိန်းကလေးတွေအကြိုက်ဖြစ်မှာပါ။ ဒီတော့ လက်ဖက်စိမ်းရောင်ကြိုက်တဲ့သူတွေ၊ လက်သည်းနီဆိုးဖို့စိတ်ဝင်စားတဲ့သူတွေအတွက် Matcha လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စမ်းဆိုးကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-
Matcha နဲ့ Daisy ပန်းရောထားတဲ့ ဒီဇိုင်းလေး
Matcha အရောင်စိုစိုလေး
အညိုနဲ့အစိမ်းစပ်ထားတဲ့ Chocolate Matcha Nail ဒီဇိုင်း
လူငယ်ဆန်ဆန် Trend ဖြစ်တဲ့ ပုံဖော်ဒီဇိုင်းလေးတွေ
အသည်းပုံပါတဲ့ Matcha Heart ဒီဇိုင်းလေး
Matcha အရောင် Airbrush ဒီဇိုင်းလေး
ဘယ်တော့မှမရိုးတဲ့ French Tip ဒီဇိုင်းလေး
By MyStyle Myanmar