ဓာတ်ပုံရိုက်တဲ့အခါ တစ်နေရာထဲမှာ ပုံများများရိုက်လို့ရအောင် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာကြိုက်ပေမယ့် ပို့စ်သိပ်မပေးတတ်ဘူးဆိုတဲ့ သူတွေအတွက်တော့ အသုံးဝင်မှာ သေချာပါတယ်။

ကော်ဖီဆိုင်တွေမှာပဲဖြစ်ဖြစ် ထိုင်ရိုက်တဲ့အခါ တစ်ပုံထဲရလာရင် နှမြောစရာကြီးနော်။ ဒီတော့ အနည်းဆုံး ၄ ပုံလောက်တော့ လှလှလေးရအောင် ရိုက်ခဲ့ပါ။ ဒီပို့စ်လေးတွေကို အသုံးချကြည့်နော်။

အခုနောက်ပိုင်းမှာ ပုံတင်ရင် ၄ ပုံတင်တာမျိုးက ခေတ်စားနေတာဆိုတော့ တစ်နေရာသွားတိုင်း အနည်းဆုံး ၄ ပုံတော့ လှအောင်ရိုက်ခဲ့နော်။ ဒီပို့စ်လေးတွေက အပြင်သွားတဲ့အခါ အသုံးဝင်မယ့် ပို့စ်လေးတွေပါ။

ပန်းပင်လေးနဲ့ ရိုက်တဲ့အခါမှာ အသုံးဝင်မယ့် ပို့စ်လေးတွေပါ။

ပန်းလေးတွေနဲ့ အနီးကပ်ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးတွေကို Try ကြည့်နော်။ အရမ်းလှပါတယ်။

ကော်ဖီဆိုင်သွားပြီး ပုံများများရိုက်ချင်တဲ့ ကောင်မလေးတွေအတွက် တစ်ထိုင်ထဲမှာပဲ ပုံများများရအောင် ရိုက်လို့ရမယ့် ပို့စ်လေးတွေပါ။

Picnic ထွက်သလိုလေးရိုက်မယ်ဆိုရင်တော့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေက ဒီပုံလေးတွေအတိုင်း ရိုက်ကြည့်နော်။

ပို့စ်သေချာလုပ်တတ်တဲ့သူတွေဆိုရင် Picnic ထွက်သလိုလေးရိုက်တဲ့အခါ ဒီပို့စ်လေးတွေအတိုင်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ကမ်းခြေမှာ ချစ်ဖို့ကောင်းအောင်၊ လှလှလေးဖြစ်အောင် ရိုက်လို့ရမယ့် ပို့စ်လေးတွေ ဖြစ်ပါတယ်။

လူငယ်ဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ပို့စ်လေးတွေပါ။

Camera နဲ့ ဓာတ်ပုံသေချာရိုက်မယ့်သူတွေအတွက် အသုံးဝင်မယ့် ပို့စ်အိုင်ဒီယာလေးတွေ ဖြစ်ပါတယ်။

ခရီးထွက်တဲ့အခါ ဒါမျိုးလေးလည်း ရိုက်လို့ရတယ်နော်။

Photo source:www.pinterest.com