ပျိုမေတို့အားလုံး မင်္ဂလာပါနော်။ Sunscreen ဆိုတာ ရာသီမရွေး၊ အသက်အရွယ်မရွေး နေ့စဉ်လိမ်းပေးသင့်တဲ့ Skincare အဆင့်တစ်ခုပါ။ နေရောင်ခြည်ကလာတဲ့ UV Rays တွေက နေရာတိုင်း ရှိနေနိုင်တာမို့ အိမ်မှာနေရင်းနဲ့လည်း Sunscreen လိမ်းထားဖို့ လိုသလို နေပူထဲထွက်ရတဲ့အချိန်မှာဆို နှစ်နာရီခြား တစ်ခါလောက် ထပ်လိမ်းတာမျိုး လုပ်သင့်ပါတယ်။
ဒီလိုထပ်ခါထပ်ခါလိမ်းဖို့ဆိုရင် အပေါ်ကထပ်လိမ်းရတဲ့ Sunscreen တွေထက် Spray Sunscreen လေးတွေ ဖြန်းပေးတာက ပိုအလုပ်ရှုပ်သက်သာပါတယ်နော်။ လွယ်လွယ်ကူကူ ဖြန်းလိုက်ရုံပဲမို့ မိတ်ကပ်လိမ်းထားရင်လည်း နေရာမရွေ့ပါဘူး။
ဒါကြောင့်မို့ Spray Sunscreen တွေ သုံးဖို့စဉ်းစားနေတဲ့သူတွေအတွက် ဈေးသင့်ပြီး လူကြိုက်များတဲ့ Sunscreen တံဆိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်နှစ်မျိုးလုံးအတွက် သုံးလို့ရတာမို့ နေပူထဲမကြာခဏသွားရတဲ့သူတွေ၊ ကမ်းခြေခရီးထွက်မယ့်သူတွေအတွက် အံကိုက်ဖြစ်မှာပါ။
၁။ ရေစိုခံပြီး SPF ပါဝင်မှု ၇၀ အထိရှိတဲ့ BEACH DEFENSE WATER + SUN PROTECTION SUNSCREEN SPRAY SPF 70
၂။ Sensitive အသားအရေအတွက်ပါအဆင်ပြေပြီး ၂၄ နာရီအစိုဓာတ်ပေးနိုင်တဲ့ GARNIER AMBRE SOLAIRE SENSITIVE HYDRATING FACE SUN CREAM MIST SPF50
၃။ SPF50 ပါဝင်ပြီး All Skin Type သုံးလို့ရတဲ့ L’OREAL SUBLIME SUN ADVANCED SUNSCREEN SPF 50+ CLEAR MIST
၄။ ဈေးသင့်ပြီး Review ကောင်းတွေရထားတဲ့ JM SOLUTION MARINE LUMINOUS PEARL SUN SPRAY SPF 50
၅။ အဆီပြန်သမားတွေနဲ့အဆင်ပြေမယ့် နာမည်ကြီး Anessa တံဆိပ်ကထုတ်တဲ့ ANESSA PERFECT UV SUNSCREEN SPRAY
၆။ ရေစိုခံပြီး မိတ်ကပ်သိပ်သိပ်လေးဖြစ်စေမယ့် CICA SUN SPRAY SPF50+
၇။ အစိုဓာတ်ပေးပြီး အိုမင်းရင့်ရော်မှုကို လျှော့ချပေးမယ့်
SUNPLAY SKIN AQUA SUPER MOISTURE MIST SPF50+
Photo Source: Pinterest
By MyStyle Myanmar