လက်မောင်းအဆီများနေတဲ့သူတွေအတွက် နှစ်ပတ်အတွင်းမှာ လက်မောင်းအဆီကျစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ အလွယ်တကူလုပ်ပေးရမယ့် လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် Try ကြည့်နော်။

Weight Lifting

ပုံမှာလုပ်ပြထားတဲ့အတိုင်း အဆင့် ၄ ဆင့်လုံး လုပ်ပြီးမှ ၁ ကြိမ်ပြည့်တယ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်လုပ်ပေးပါ။

Counter Push Ups

ခုံကိုအရှေ့မှာထားပြီး ခုံပေါ်လက်ထောက်၊ ခြေထောက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း အနောက်ဆန့်ထားပါ။ ခြေဖဝါးထောက်ထားရပါမယ်။ အဲ့အတိုင်း ပုံမှာလုပ်ပြထားသလို ဆက်တိုက် ၁၅ ကြိမ်မှ အကြိမ် ၂၀ လုပ်ပေးပါ။

Push Ups

ခြေထောက်နှစ်ဖက်ကို အနောက်မှာယှက်ထားပြီး Push Ups လုပ်ပေးရမှာပါ။ အကြိမ် ၂၀၊ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Arm Circles

လက်မောင်းနှစ်ဖက်ကိုဆန့်ပြီး လှည့်ပေးရမှာပါ။ အနောက်ကနေအရင်စလှည့်လိုက်၊ အရှေ့ကနေ ပြန်လည့်လိုက်နဲ့ လှည့်ပေးရပါမယ်။ အကြိမ် ၂၀ လုပ်ပေးရင် ရပါတယ်။

Half-Moon Rotation

လက်နှစ်ဖက်ကိုဆန့်ပြီး ပုံမှာလုပ်ပြထားသလို လက်ဖမိုးမောက်လိုက်၊ လှန်လိုက် လုပ်ပေးရမှာပါ။ အကြိမ် ၂၀ လုပ်ပေးပါ။

Opposite Arm & Leg Lift

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်လက်ရှေ့ဆန့်၊ ညာခြေထောက် အနောက်ဆန့်၊ ညာလက်ရှေ့ဆန့်၊ ဘယ်ခြေထောက် အနောက်ဆန့်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Isometric Biceps Hold

အလေးတုံးနဲ့ ပုံမှာလုပ်ပြထားသလို လုပ်ပေးရုံပါပဲ။ ၁၅ ကြိမ်မှ အကြိမ် ၂၀ အထိ လုပ်ပေးနိုင်ပါတယ်။