လူတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတဲ့စကားက မမှန်သေးပါဘူး။ မချစ်မိခင် ဖြစ်လာမယ့် အဆင့်တွေ ရှိပါတယ်။ မချစ်ခင် ဖြတ်သန်းရမယ့် အဆင့်တွေ ရှိပါတယ်။ ချစ်မိသွားခါနီးအဆင့်က သင်နဲ့ သင့် ချစ်သူဖြစ်လာမယ့်သူနဲ့ အတူတူ ဖြတ်သန်းသင့်တဲ့ အဆင့်တွေ ဖြစ်ပါတယ်။ ဒီတော့ ဘယ်အဆင့်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ထိတွေ့ချင်လာမယ်

ကိုယ်ချစ်ရတဲ့သူနဲ့ အသားချင်း ထိချင်တဲ့စိတ်က လူသားတိုင်းမှာ ဖြစ်တတ်တဲ့ လှပတဲ့ အာသီသ တစ်ခုပါ။

၂။ ရင်းနှီးလာမယ်

လူတစ်ယောက်ကို မချစ်မိခင် မိတ်ဆွေတစ်ဦးလို ရင်းနှီးလာတဲ့ ခံစားချက်ကို လူတိုင်း ဖြတ်ကျော်ရပါတယ်။ ကိုယ်တွဲမယ့် လူတစ်ဦးအပေါ် မရင်းနှီးဘဲ ချစ်တဲ့အဆင့် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

၃။ စိတ်ချင်းဆက်သွယ်မိလာမယ်

သူနဲ့ ရင်းနှီးသွားပြီးတာနဲ့ ထပ်ဖြစ်လာမယ့် ခံစားချက်တစ်ခုကတော့ သူနဲ့ စိတ်ချင်းဆက်သွယ်လာနိုင်တာပါ။ စိတ်ချင်းဆက်သွယ်တာထက် ကိုယ့်အကြောင်း သူတွေး၊ သူ့အကြောင်း ကိုယ်တွေးတာမျိုးပါ။

၄။ ဒိတ်မယ်

တစ်ယောက်နဲ့ တစ်ယောက် ချစ်မိဖို့ တွေ့ဆုံခြင်း၊ အကဲဖြတ်ခြင်းကနေ စတာမို့ First Date ဆိုတာက ရှိလာမှာပါ။

၅။ အချိန်အတူတူ ကုန်ဆုံးတာ

သင်က လူတစ်ယောက်ကို ချစ်မိလာတော့မယ်ဆိုရင် ဒီလူနဲ့အတူ အချိန်တိုင်း ရှိချင်လာပါတယ်။ ကိုယ်လုပ်ဖူးတဲ့ ပျော်စရာ ကိစ္စတွေကို သူနဲ့ အတူလုပ်ချင်လာပါတယ်။

၆။ ဘာလုပ်လုပ် အတူတူ လုပ်ချင်လာတာ

ဘယ်သွားရင် သူပါမှ၊ ဘာပဲလုပ်လုပ် သူနဲ့ အတူတူ လုပ်လိုက်ရမှ ပိုအသက်ဝင်သွားတာ စသဖြင့် ချစ်မိသွားတော့မယ့် လူတစ်ယောက်က ဒီလိုအတွေးတွေ ဖြစ်လာတတ်ပါတယ်။

၇။ သူ့မိသားစုနဲ့ အချိန်ကုန်ဆုံးရမယ်

သင်က သူ့ကို ချစ်တယ်ဆိုရင် သင့်အိမ်နဲ့ သူ့ကို မိတ်ဆက်ပေးချင်မှာပါ။ သူ့ဘက်ကလည်း ဒီလိုပါပဲ။ ကိုယ်သဘောကျတဲ့သူကို ကိုယ့်အိမ်ကို အသိပေးချင်ကြပါတယ်။

၈။ သင်က အရင်ထက် ပိုပွင့်လင်းမှုရှိလာတယ်

သင့်ဦးနှောက်က အများကြီး စကားမပြောမိဖို့ တားနေရင်တောင် ကိုယ်သဘောကျတဲ့ သူနဲ့ဆိုရင် အလိုလိုနေရင်း စိတ်က ပွင့်လင်းသွားတတ်ပါတယ်။

၉။ တန်ပြန်အချစ်ကို ပြန်ခံစားရမယ်

တစ်ဖက်သက်အချစ်လောက် ဆိုးဝါးတဲ့ အချစ်မရှိသလို ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်ချစ်တယ်ဆိုတဲ့ ခံစားချက်က အကောင်းဆုံး ခံစားချက်ဖြစ်နေတတ်ပါတယ်။ သင်ချစ်တဲ့သူက သင့်ကို ချစ်နေတယ်ဆိုရင် သင့်စိတ်က အလိုလို သိနေတတ်ပါတယ်။

၁၀။ “ငါနင့်ကိုချစ်တယ်”

ဒီစကားလုံးက တချို့အတွက်တော့ အလွယ်ထွက်ပေမယ့် တချို့အတွက်တော့ နှုတ်ကထွက်လာဖို့ မလွယ်ကူပါဘူး။ နှစ်ယောက်အတူတူ ပြောမိပြီဆိုရင်တော့ ဒါက အလှပဆုံး အရာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar