လက်သည်းကို Almond Shape ထားတဲ့ကောင်မလေးတွေအတွက် လှပတဲ့လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်မယ်ဆိုရင် ဒီဇိုင်းစဉ်းစားရတာလည်း အလုပ်တစ်ခုပဲနော်။ ဒီလက်သည်းဒီဇိုင်းတွေထဲက ကိုယ်ကြိုက်တဲ့ပုံလေးကို Save ထားပြီး ပုံဖော်မယ်ဆိုရင်တော့ စဉ်းစားနေစရာမလိုတော့ဘူးပေါ့။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အဖြူနဲ့အနက်ဆိုးပြီး တစ်ချောင်းထဲ ပုံဖော်ထားတာဖြစ်လို့ ဘယ်တော့မှရိုးမသွားပဲ လှပါတယ်။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ Hello Kitty လက်သည်းဒီဇိုင်းလေးပါ။

ဒီဇိုင်းဆန်းပြီး မိန်းကလေးဆန်ဆန်နဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ကာလာလေးတွေစုံပြီး ဒီဇိုင်းကလည်း လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။

အဝါရောင်ကြိုက်တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

ပွဲတက်အတွက်လည်း အဆင်ပြေသလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းအဆန်းလေးပါ။

ဒါကတော့ ဒီဇိုင်းဆန်းပြီး မိုက်လည်းမိုက်တဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဘယ်အချိန်ကြည့်ကြည့် အရမ်းလှပါတယ်။ ပွဲတက်အတွက်ဆိုလည်း အဆင်ပြေပါတယ်။

ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဆောင်းတွင်းမှာဆို ဒီလိုလေးပုံဖော်ကြည့်နော်။

ဒီဇိုင်းဆန်းပြီးလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ပွဲတက်အတွက်လည်း အဆင်ပြေပါတယ်။

ခရမ်းရောင်ကြိုက်တဲ့သူတွေအတွက် လူငယ်ဆန်တဲ့ လက်သည်းဒီဇိုင်းအဆန်းလေး ဖြစ်ပါတယ်။

Photo source:www.pinterest.com