ဆံသားကို ထိန်းသိမ်းချင်တဲ့သူတွေအတွက် ပုံမှန်သုံးပေးဖို့လိုတဲ့ အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ အများကြီးထိန်းသိမ်းရတာမျိုး Hair Care လုပ်ရတာမျိုးတွေ မလုပ်နိုင်ဘူးဆိုရင် ဒီအရာ ၄ ခုကိုသာ ပုံမှန်လုပ်ပေးသွားပါ။ ဆံသားကောင်းမွန်နေပါလိမ့်မယ်။

ဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်

အရေးကြီးတာက ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို သုံးဖို့ပါပဲ။ ကိုယ်သုံးတဲ့ခေါင်းလျှော်ရည်က ကိုယ့်ဆံသားနဲ့ မကိုက်ညီတဲ့အခါ၊ မတည့်တဲ့အခါမှာ ဗောက်ထတာ၊ ယားယံတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့် Hair Type ကိုသိအောင် အရင်လုပ်ပါ။ ပြီးရင် ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည် ကောင်းကောင်းလေး သုံးပေးပါ။ ခေါင်းလျှော်ရည်ကိုလည်း အမျိုးမျိုးပြောင်းသုံးတာမျိုးတွေ မလုပ်ပါနဲ့။

ဆံပင်ပေါင်းဆေး

ဆံသားထိန်းသိမ်းချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်တစ်မျိုးထဲ သုံးလို့မရပါဘူး။ ခေါင်းလျှော်ပြီးတိုင်းမှာ ဆံပင်ပေါင်းဆေး ကောင်းကောင်လေးသုံးပေးပါ။ ဒါဆိုရင် ဆံသားက သိသိသာသာ ကောင်းမွန်လာမှာ သေချာပါတယ်။

Hair Oil

ဆံသားကောင်းချင်ရင် Hair Oil လည်းမသုံးလို့မရပါဘူး။ ခေါင်းလျှော်ပြီးတိုင်းမှာ Hair Oil လိမ်းရပါမယ်။ နေ့တိုင်း ဆံပင်အဖျားတွေကို Hair Oil လိမ်းပေးပါ။ Hair Oil မလိမ်းရင် ဆံပင်က အဆီဓာတ်မရှိပဲ ဖွာပြီးခြောက်သွေ့နေမယ်၊ ဆံပင်ကျွတ်ပြီးငြိတာတွေ ဖြစ်လွယ်ပါမယ်။ ဆံပင်နှစ်ခွတွေလည်း ပိုဖြစ်စေပါတယ်။

သဘာဝနည်းလမ်း

သဘာဝနည်းလမ်းဆိုတာကတော့ ဆံပင်ကို အပူချောင်းတွေ သိပ်မသုံးပါနဲ့။ ခေါင်းလျှော်ပြီးရင်လည်း Towel နဲ့သေချာသုတ်ပြီး သဘာဝအတိုင်း အခြောက်ခံပါ။ Hair Dryer သိပ်မသုံးပါနဲ့။ ဒါဆိုရင် ဆံသားက တော်တော်ကောင်းလာမှာပါ။ နောက်တစ်ခုကတော့ ကိုယ်က Hair Care တွေ Treatment တွေ သေချာမလုပ်နိုင်ဘူးဆိုရင် ကိုယ့်ဆံပင်ကို သဘာဝအတိုင်းလေးပဲထားပါ။ ဆံပင်အရောင်ဆိုးတာတွေ၊ ချွတ်ဆေးသုံးတာတွေ သိပ်မလုပ်ပါနဲ့။