မျက်နှသစ်တာက နေ့တိုင်းလုပ်နေရတာမလို့ ထွေထွေထူးထူးမဟုတ်ပေမယ့် သတိမထားမိရင် အသားအရေကို ပျက်စီးစေနိုင်တာမလို့ မျက်နှာသစ်တဲ့အခါ ပုံစံမှန်ဖို့အရေးကြီးပါတယ် ။ ဒါတွေကတော့ မျက်နှာသစ်တဲ့အခါ တော်တော်များများလုပ်မိတတ်တဲ့ အမှားတွေပါ။ သင်ကော သတိမထားမိဘဲ လုပ်မိနေလားဆိုတာ ကြည့်လိုက်ရအောင်-
ခနခနမျက်နှာသစ်တာ
မျက်နှာသစ်တဲ့အခါ မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာကို ပုံမှန်သစ်ပေးပါ။ အပြင်သွားတဲ့ရက်တွေမှာ အညစ်အကြေးနဲ့ ချွေးတွေကို ဖယ်ရှားဖို့အတွက် တတိယအကြိမ်သစ်ချင်တယ်ဆို သစ်လို့ရပါသေးတယ်။ ဒါပေမယ့် တစ်နေ့ကို ၃ ကြိမ်ထက်တော့ ပိုမသစ်ပါနဲ့။ အဆီပြန်တဲ့အသားအရေရှိရင်တောင် မျက်နှာကို တစ်နေ့သုံးကြိမ်ထက် ပိုသစ်တာက အသားအရေရဲ့ အစိုဓာတ်ကို ဖယ်ရှားပစ်တာမလို့ မသစ်သင့်ပါဘူး။
ရေပူနဲ့သစ်တာ
ပူတဲ့ရေက မျက်နှာရဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်တာမလို့ ကြာလာရင် မျက်နှာအသားအရေခြောက်တာ ၊ ယားတာ ၊ နီတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ ရေပူနဲ့သစ်တာထက် ရေအေး ဒါမှမဟုတ် ရေနွေးနွေးနဲ့သစ်တာက ပိုကောင်းပါတယ်။
Wet Wipes တွေအမြဲသုံးတာ
Wet Wipes တွေမှာက အမွှေးနံ့တွေ ၊ ကြာရှည်ခံဆေးတွေ ၊ Surfactants လို ဓာတုပစ္စည်းတွေပါတာမလို့ အခန့်မသင့်ရင် မျက်နှာကို ယားစေပါတယ်။ ဒါ့အပြင် Wet Wipes တွေက မျက်နှာက အဆီနဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက် မဖယ်ရှားပေးနိုင်တာကြောင့် ကြာလာရင် ချွေးပေါက်တွေကိုပိတ်စေပြီး Breakouts ဖြစ်စေနိုင်ပါတယ်။
အသားအရေနဲ့မကိုက်တဲ့ မျက်နှာသစ်ဆေးသုံးတာ
မျက်နှာသစ်ဖို့ မျက်နှာသစ်ဆေးသုံးတဲ့အခါ သုံးတဲ့မျက်နှာသစ်ဆေးက အသားအရေနဲ့မကိုက်ဘူးဆိုရင် မျက်နှာက ယားလာတာ ၊ ခြောက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာအသားအရေနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို သေချာရွေးချယ်ဖို့ အရေးကြီးပါတယ်။
မသန့်တဲ့မျက်နှာသုတ်ပုဝါသုံးတာ
မျက်နှာသစ်တဲ့အခါ လက်ကမသန့်တာ ဒါမှမဟုတ် သုံးတဲ့ပုဝါက မသန့်တာမျိုးဆိုရင် အဲ့က မသန့်တဲ့ ဘက်တီးရီးယားတွေ အညစ်အကြေးတွေက မျက်နှာဆီရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်မယ်ဆို အရင်ဆုံး လက်အရင်ဆေးပါ။ မျက်နှာခြောက်အောင်သုတ်တဲ့အခါမှာလည်း သန့်တဲ့ပုဝါ ဒါမှမဟုတ် တစ်လျှူးသုံးပေးပါ။
အတင်းပွတ်တာ
မျက်နှာသစ်တဲ့အခါ အတင်းပွတ်ပြီးသစ်တာက အသားအရေကို နီတာ ၊ ယားတာတွေဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ အတင်းပွတ်ပြီးသစ်မယ့်အစား လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံမျိုး အသာအယာ ပွတ်ပြီးသစ်တာက အကောင်းဆုံးပါ။
သေချာပြန်မဆေးတာ
မျက်နှာသစ်ဆေးသုံးပြီးလို့ မျက်နှာကိုသေချာမဆေးရင် ကျန်ခဲ့တဲ့အကြွင်းအကျန်တွေက ချွေးပေါက်တွေကိုပိတ်စေနိုင်တာမလို့ မျက်နှာကို ရေနဲ့သေချာပြန်သစ်ပေးပါ။