အများစုက အသားအရေထိန်းသိမ်းမှု လုပ်တဲ့အခါ လည်ပင်းနေရာကို မေ့နေတတ်ပါတယ်။ တကယ်က လည်ပင်းအသားအရေကလည်း မျက်နှာလိုဘဲနူးညံ့တာမလို့ ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ အရင်ကမသိလို့ ဂရုမစိုက်မိဘူး ဆိုရင် အခုအချိန်က လည်ပင်းကို ဂရုစိုက်ရမယ့်အချိန်ရောက်ပါပြီ။ ဒါတွေကတော့ သင့်လည်ပင်းမဲတာအတွက် စမ်းသုံးကြည့်သင့်တဲ့ သဘာဝနည်းလမ်း ( ၅ ) မျိုးပါ။ ဒီကုထုံးတွေက သဘာဝပါဝင်ပစ္စည်းတွေနဲ့မလို့ လုပ်ရတာလည်း လွယ်ပါတယ်။
ကိုကိုးထောပတ်
ကိုကိုးထောပတ်မှာက အသားအရေကို အာဟာရဖြည့်တင်းပေးတဲ့ antioxidants တွေအများကြီးပါတာမလို့ လည်ပင်းမည်းတာကိုသက်သာစေဖို့အတွက် သုံးလို့ရပါတယ်။ လည်ပင်းကို ရေနဲ့ဆေးပြီးရင် လည်ပင်းကို ကိုကိုးထောပတ်နည်းနည်းလောက် လိမ်းပေးပါ။ လိမ်းပြီးရင် လည်ပင်းကို 5-6 မိနစ်လောက်နှိပ်ပြီး တစ်ညလုံးထားလိုက်ပါ။ လည်ပင်းညိုတာသက်သာစေဖို့ ညအိပ်ခါနီးတိုင်းလုပ်ပေးပါ။
ကုလားပဲမှုန့်
အသားအရေကို ကြည်လင်စေပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေးဖို့အတွက် ဂျုံမှုန့်ကို အပျော့စား Exfoliatorအနေနဲ့ သုံးလို့ရပါတယ်။ ကုလားပဲမှုန့် ၄ ဇွန်း ၊ ဒိန်ချဉ် ၂ ဇွန်း နဲ့ နှင်းဆီရေ၂ ဇွန်းတို့ကို ပျစ်ခဲသွားတဲအထိ ရောမွှေလိုက်ပါ။ ပြီးရင် လည်ပင်းအနှံ့ လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆို ၂ မိနစ်လောက် အသာလေး ပွတ်ပေးပြီးမှ ရေအေးနဲ့ဆေးပေးပါ။ လည်ပင်းညိုတာသက်သာစေဖို့ တစ်ပတ်ကို နှစ်ကြိမ် လုပ်ပေးပါ။
Glycerin
Glycerin က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး တင်းရင်းစေတဲ့အပြင် လည်ပင်းညိုတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Glycerin ၂ ဇွန်းနဲ့ သံပုရာရည် ၁ ဇွန်းကိုရောမွှေပြီး လည်ပင်းကိုလိမ်းပေးပါ။ လိမ်းပြီးရင် 2-3 မိနစ်လောက်နှိပ်ပေးပြီး တညလုံးထားလိုက်ပါ။ မနက်မှ ရေအေးနဲ့ဆေးပေးပါ။ လည်ပင်းညိုတာသက်သာစေဖို့ ညအိပ်ခါနီးတိုင်းလုပ်ပေးပါ။
အာလူးဖျော်ရည်
အာလူးက အသားအရေကို ကြည်လင်ဝင်းပစေပြီး သဘာဝအတိုင်း ကြည်လင်တောက်ပစေပါတယ်။ လည်ပင်းကို ရေနဲ့ဆေးပြီးရင် အာလူးဖျော်ရည်ကို ဂွမ်းလုံးလေးနဲ့ယူပြီးလိမ်းပေးပါ။ ခြောက်အောင်ထားပြီး ခြောက်သွားပြီဆိုမှ ရေနဲ့ဆေးပေးပါ။ လည်ပင်းညိုတာသက်သာစေဖို့ ညအိပ်ခါနီးတိုင်းလုပ်ပေးပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ အသားအရေကိုလျှော့ချပေးနိုင်တဲ့ Antioxidants တွေပါ၀င်ပြီး အရောင်ချွတ်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတာမလို့ အသားအရေကို ကြည်လင်စေပြီး တင်းရင်းစေပါတယ်။ ခရမ်းချဉ်သီးကို နှစ်ခြမ်းလှီးပြီး သကြား နည်းနည်းဖြူးလိုက်ပါ။ ပြီးရင် လည်ပင်းကို စက်ဝိုင်းပုံသဏ္ဍာန် 10 မိနစ်ကြာအောင် ပွတ်ပေးပါ။ ပြီးမှ ရေအေးနဲ့ဆေးပေးပါ။ ဒီနည်းလမ်းက အိမ်မှာနေရင်း သဘာဝအတိုင်း ညိုမည်းနေတဲ့ လည်ပင်းကို သက်သာစေပါတယ်။